Part 23

1.8K 174 2
                                    

23 01

အခန်း ၂၃: အချစ်ကြွေး

မြို့တော်တွင် တစ်စုံတစ်ယောက်အား စုံစမ်းစစ်ဆေးခြင်းသည် ရိုးရှင်းသော အလုပ်မဟုတ်ပါ။

သို့သော် လက်ရှိဖန်းချန်အတွက်မူ သူ​၏ မယားငယ်များနှင့် အစေခံများကို ဖယ်ရှားခြင်း ခံရသောကြောင့် သူသည် ဆောင်ကြာမြိုင်သို့ မသွားရဲခဲ့ပါ။ သူသည် နေရာအချို့ တွင်သာ သူ​၏ အချိန်အများစုကို ကုန်ဆုံးသဖြင့် သူနှင့် ဟယ်ယန် ​၏ အချစ်ရေးသည် ပေါ်လာပြီး ထန်ယင်းရှေ့ထိ ရောက်လာခဲ့သည်မှာ သိပ်မကြာလှပါ။

"ဒါက တရားလွန်လွန်းနေပြီ" ထန်ယင်းသည် စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ပြင်းပြင်းထန်ထန် ပုတ်လိုက်သည်"ငါတို့ လက်ထပ်ဖို့ ဆွေးနွေးနေချိန်ကတည်းက သူက အဲ့ဒီအမျိုးသမီးနဲ့ သီးသန့် ဆက်ဆံရေးရှိခဲ့တာပဲ။ သူက ငါ့ကို လုံးဝ အလေးအနက်မထားဘူး သူက ယုံကြည်စရာမကောင်းဘူး လို့ ငါ ငါ့အဖေနဲ့ အစ်ကို ကို သတိပေးခဲ့တယ်၊ အခုတော့ အားလုံး က အမှန်ဖြစ်လာပြီ။ ငါ အရမ်းကို အရှက်ရတယ်"

"သခင်မ၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ" အစေခံက ပြောသည်- "သခင်လေးက အဲ့မိန်းမကို အိမ်တော်ကို မခေါ်လာရဲသေးပါဘူး၊ ဒါကြောင့် သူ့မှာ ကြိုတင်ပြင်ဆင်ထားတာတွေ ရှိရမယ်၊ အဲ့မိန်းမက သခင်လေးကို စွဲလမ်းစေတာကြောင့် ဖြစ်နိုင်တယ်၊ သခင်လေးက အမှားအများကြီး လုပ်မိနေတာ။ အခု သခင်မနဲ့ သခင်လေးက လက်ထပ်ပြီးပြီပဲမို့ ဒီကိစ္စတွေ ကြောင့် ဘာဂယက်မှ မဖြစ်ပေါ်ပါစေနဲ့၊ မဟုတ်ရင် တခြားလူတွေ က သခင်မကို မနာလိုတယ်လို့ စွပ်စွဲကြလိမ့်မယ်"

"ဒါဆို ငါက ဘာလုပ်ရမှာလဲ" ထန်ယင်းက ဒေါသတကြီး မေးလိုက်သည်။

"ဘာလို့ အဲ့မိန်းမနဲ့ မစတာလဲ။ သူက မြို့တော်က စစ်အရာရှိရဲ့ သမီးတစ်ယောက်ပါပဲ၊ သူက သခင်မရဲ့ ထိန်းချုပ်မှုအောက်မှာပဲ..."

"နင်ပြောတာမှန်တယ်" ခဏကြာပြီးနောက် ထန်ယင်းသည် တည်ငြိမ်သွားသည်- "သူက ဖန်းမိသားစုထဲ လက်ထပ်ပြီး တရားဝင်ဇနီးနေရာယူဖို့ အိပ်မက်မက်ရဲတဲ့ အဆင့်နိမ့်မိန်းမသာသာပဲ။ ငါကိုယ်တိုင် သူ့ကို တွေ့မယ်"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now