အခန်း(၄၆):ငါမင်းကို အနိုင်ယူပြမယ်
လူတိုင်းက ဟယ်ယန်ရဲ့ လှုပ်ရှားမှုတွေကို ငေးကြည့်နေကြတယ်။
လူငယ်လေးက လေးတွေနဲ့ ဒူးလေးတွေ ထားတဲ့ဆီကို လျှောက်သွားခဲ့ပြီး သေးသွယ်တဲ့သူနဲ့ နှိုင်းယှဉ်တော့ လေးနဲ့ ဒူးလေးတွေက သူနဲ့ မသင့်တော်ဘူး ဖြစ်နေတယ်။ သူမက လေးကို ကောက်လိုက်ပြီး မြားကျည်တောက်ထဲက မြားကို ယူပြီး ဆွဲလိုက်တယ်။ သူမရဲ့ လက်ချောင်းလေးတွေကို ညင်သာစွာ တင်လိုက်တယ်။
ဝမ်ပါးက သူမကို အထင်အမြင်သေးစွာ ကြည့်ပြီး ပြောလိုက်တယ်။ "ဒီအချိန်မှာ အားစိုက်ထုတ်စမ်းပါ။ မနေ့ကလို အကြာကြီး ကိုင်ထားပြီး မင်း မဆွဲနိုင်တော့ဘူးလို့ မပြောနဲ့"
ဟယ်ယန်ကို ကြည့်ရတာ သူ့ရဲ့ စကားတွေကို မကြားခဲ့သလို ဖြစ်နေပေမယ့် ဟုန်ရှန်ကတော့ ဟယ်ဟန်အတွက် စိတ်လှုပ်ရှားပြီး ချွေးတွေ ပြန်နေခဲ့တယ်။ စစ်စခန်းထဲမှာ ဒီတပ်သားသစ်တွေက သူ့တို့ရဲ့ အားကို ပြဖို့အတွက် စိတ်အားထက်သန် နေကြတယ်။ ဟယ်ယန်က မိန်းကလေးတစ်ယောက် မဟုတ်တဲ့အတွက် ဘယ်သူကမှ သူမကို သနားစိတ် ရှိမနေကြဘူး။ သူတို့က သူမ အားနည်းတာကိုပဲ မြင်ကြပြီး အားနည်းတာကိုလည်း ကရုဏာထားမှာ မဟုတ်ဘူး။
တကယ်လို့ သူတို့သာ လေကြီးလေကျယ် ပြောပြီးတော့ ပြောတဲ့အတိုင်း မလုပ်နိုင်တဲ့သူကိုသာ ထည့်လိုက်မယ် ဆိုရင် လူတွေက သူမကို ပိုပြီးတော့တောင် အထင်အမြင်သေးကြလိမ့်မယ်။ ဟယ်ယန်မနေ့က ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့လိုက်ပြီးတော့ သူမသာဒီနေ့မလုပ်နိုင်ခဲ့ဘူးဆိုရင်ကြီးကြပ်သူလျန်က ကွယ်ရာမှာ အထင်အမြင်သေးမှာ တင်မက သေးဘဲစခန်းထဲက တခြားသူတွေက ပါသူမနဲ့ ပေါင်းသင်းဆက်ဆံတာမျိုးမလုပ်တော့ဘဲနဲ့ ညှာညှာတာတာဆက်ဆံကြတော့မှာ မဟုတ်ဘူး။
မနေ့က သူမလေးကို ဆွဲတာမှာ ကျရှုံးခဲ့တယ် ဒီနေ့ကော လုပ်နိုင်လိမ့်မှတဲ့လား
ကောင်လေးရဲ့ အကြည့်တွေက ပစ်မှတ်ကိုသာ အာရုံစိုက်နေခဲ့တယ်။ ဒီရှုထောင့်က နေဆိုရင် သူမရဲ့လက်က တော်တော့်ကို တည်ငြိမ်နေပြီးတော့ မျက်လုံးတွေကလဲ ထိချက်ပြင်းပြင်းလုပ်ဖို့ တိတ်တိတ်ဆိတ်ဆိတ် စောင့်စားနေတဲ့ သားရဲတိရစ္ဆာန် တစ်ကောင်လိုပဲ ဖြစ်နေတယ်။