Part 56

1K 104 0
                                    


အခန်း (၅၆) : လှံတံစီးချင်း

"ကျွန်တော် စိန်ခေါ်ခွင့်ရှိမလား"

ငါတော့ မထင်ဘူးလို့ လျန်ဖင်းက တွေးလိုက်ပြီးတော့ ထုတ်ပြောလိုက်တော့မယ့် အချိန်မှာပဲ တစ်ယောက်ယောက်က ကြားဖြတ်ပြောလိုက်တယ်။ "ဟေး ကြီးကြပ်သူလျန်ကို ဘာလို့မေးတာလဲ ဟယ်ယန်ကိုသာ သွားမေး ဒီကလေး သူ ဘာလုပ်နေတယ် ဆိုတာရော သိရဲ့လား မသိဘူး။ သူက ပြိုင်ချင်ရင် သူပြိုင်လို့ရတယ်။ မဟုတ်ရင်တော့ အဲ့အကြောင်းကို မေ့လိုက်တော့။ အဲ့ဒါရိုးရိုးလေးပဲ မဟုတ်ဘူးလား"

"အဓိပ္ပာယ်ရှိတယ်" ထူမောင်း သဘောတူညီမှုကို ခေါင်းညိတ်လိုက်ပြီးတော့ ကျန်းကျောက်ဘက်ကို လှည့်ကာ "မင်း ဟယ်ယန်ကို တိုက်ရိုက်သွားမေးလိုက်။ ဒါပေမယ့်" သူ ခဏရပ်လိုက်တယ်။ "မင်းပြိုင်လို့ရတယ်။ ဒါပေမယ့် ထိန်းထိန်းသိမ်းသိမ်း လုပ်ရမယ်။ အန္တရာယ် မဖြစ်စေရဘူး"

ဒီလို အဝေးကို တွန်းပို့နေတဲ့ အရာတွေကြောင့် လျန်ဖင်းမှာ ရွေးချယ်စရာ မရှိပေမယ့် ကျန်းကျောက် ဟယ်ယန်ဆီကို သွားနေတာကို ကြည့်ပဲကြည့်နိုင်တယ်။

ကျန်းကျောက်က လျန်ဖင်းခေါင်းဆောင်တဲ့ တပ်သားသစ်အဖွဲ့နားကို သွားပြီး သူက လှံတံလေ့ကျင့်နေတဲ့ ဟယ်ယန်ကို ချက်ချင်းရှာတွေ့သွားတယ်။ အဲ့ဒါက သူမကို သီးသန့်ရှာစရာ မလိုဘူး။ ဒါပေမယ့် သူမရဲ့ သေးသွယ်တဲ့ ကိုယ်လုံးကိုယ်ပေါက်က ကြီးမားတဲ့ယောကျ်ားတွေ ကြားထဲမှာ ပေါ်လွင်နေတယ်။ တည့်မတ်မတ် ချဉ်းကပ်သွားရမယ့် အစား ကျန်းကျောက်က ဟယ်ယန့်ရဲ့ လေ့ကျင့်မှုကို တိုးတိုးလေး လေ့လာနေတယ်။ သူမရဲ့ လှုပ်ရှားမှုတွေက အရမ်းရိုးရှင်းတယ်။ လှံနဲ့ ရှေ့ကို ထိုးပြီးနောက်ကို ပြန်ဆွဲတယ်။ ဒါပေမယ့် ဒီလို အခြေခံလေ့ကျင့်ခန်းတွေမှာတောင် သူမက အာရုံစူးစိုက်မှု တစ်ခုထဲကို ဖော်ပြနေပြီး ပေါ့ဆတဲ့ ပုံစံကို ပြမနေဘူး။

ခဏလောက်ကြည့်နေပြီးတော့ တစ်ယောက်က ကျန်းကျောက်ကို သတိထားမိပြီး မေးလိုက်တယ်။ "ဟေး ရဲဘော် ငါတို့ကို ဒီမှာဘာရပ်ကြည့်နေတာလဲ"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now