Part 1

5.2K 256 2
                                    

CHAPTER (1)

ဝာာ့ဝေ့ ၆၃ နှစ်၊ ချင်းယွမ် သုံးလမြောက်နွေဦးတွင် မိုးဖွဲဖွဲရွာကျနေသည်။ မြို့အတွင်းမှ အစိမ်းရောင်ရှုခင်းများသည် မြူများအကြားကျုံဝင်လျက် မြို့နယ်တစ်ခွင်ရွှဲရွှဲစိုလို့နေသည်။ မြို့တော်အတွင်းရှိ ရှုမိသားစုစံအိမ်ခေါင်မိုး၏ အုပ်ကြွပ်ချပ်များမှာ မိုးရေမှ ဆေးကြော သန့်စင်ပေးသဖြင့် အုပ်ကြွပ် အရောင်စိုစိုတို့ အရောင် တစ်ပြေးညီတည်း ပေါ်လွင်နေသည်။ ၎င်း အုပ်ကြွပ်များသည် ယွင်ကျိုးပြည်မှ သယ်ဆောင်လာသည့် လခြမ်းပုံအုပ်ကြွပ်ချပ်များဖြစ်၏။ အိမ်ခေါင်မိုးပေါ် လရောင်ဖြာကျသော အခါ၌ လသည် အိမ်ခေါင်မိုးအထက် ခိုနားနေသည်နှင့် တူ၏ဟု ဆိုကြသည်။ ဤအုပ်ကြွပ်များ မီးဖုတ်ပြုလုပ်ရသည့် အဆင့်မှာ ရှုပ်ထွေးလွန်းလှပြီး ဈေးသည်လည်း သာမန်မဟုတ်။ အိမ်ခေါင်မိုးတစ်ခုလုံးစာ အပြည့်ရှိ ထိုအုပ်ကြွပ်ချပ်များ တန်ဖိုးသည် သာမန်မိသားစုတစ်စု၏ နှစ်ပေါင်းဒါဇင်ချီ လုပ်ကိုင်ရသည့် အလုပ်ကြမ်းတန်ဖိုးနှင့်ညီမျှနေသည်။

သို့သော်ငြားလည်း ရှုမိသားစုသည် မြို့တော်၌ ပိုးလုပ်ငန်းကို လုပ်ကိုင်သဖြင့် ထိုအိမ်ခေါင်မိုးတစ်ခုစာ၏ တန်ဖိုးသည်ဟူ၏ ပုံးအတွင်းမှ ရေတစ်ပေါက်ပမာဏမျှသာ ရှိ၏။ ရှုသခင်ကြီးသည် လက်ရှိအိမ်ရှေ့စံမင်းသား၏ ဆရာဖြစ်ပြီး သားနှစ်ယောက်၏ဖခင်ဖြစ်သည်။ အကြီးဆုံးသား ရှုကျစ်ဟိန်သည် အမှီခိုကင်းကာ အသက်ငယ်ငယ်နှင့်ဟန့်လင်ပညာရှင်ဖြစ်ခဲ့ပြီး မြို့တော်အတွင်းရှိလူသူမှန်သမျှထံမှ ချီးကျူးခြင်းခံရသူဖြစ်သည်။ ရှုကျစ်ဟိန်တွင် ဇနီးတစ်ဦးရှိ၏။ အသက် ၁၈ နှစ်ပြည့်ချိန်၌ ဟယ်မျိုးရိုး ဒုတိယသခင်ကြီး၏သမီးဖြစ်သူ ဟယ်ယန်နှင့် ထိမ်းမြှားလက်ထပ်ခဲ့သည်။ ဟယ်မျိုးရိုး၏ သားအကြီးဆုံးမှာ ဟယ်ရုဖေးဖြစ်ပြီး လက်ရှိဧကရာဇ်၏ စစ်သေနာပတိ ဖေးဟုန်ဆိုသူလည်း ဖြစ်သည်။ ပညာသင်သား (သို့မဟုတ်) ပညာရှင်တစ်ဦးနှင့် စစ်သူရဲတစ်‌ဦးတို့၏ လက်ထပ်ထိမ်းမြားမှုမှာ လိုက်ဖက်ညီသည့် ထိမ်းမြှားလက်ထပ်မှုဟု ဆိုနိုင်ပေသည်။

"သခင်မ ဘာကို အလိုရှိပါသလဲရှင့်"

ပါးလွှာသော ဂါဝန်ဝတ်ထားသည့် သိမ်မွေ့သော အိမ်အစေတစ်ဦးမှ ရေနွေးပူပူတစ်ခွက် ဆက်သပြီး ကြွတ်ဆတ်စွာ မေးလိုက်သည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now