CHAPTER (65)
ထို့နောက်လျန်ဖင်းနှင့်တုမောင်တို့လည်းရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့နှစ်ဦးပန်းဝင်ခဲ့ပြီး မြင်းပေါ်မှဆင်းခဲ့သောအခါ ဟယ်ယန်မှရေငတ်ပြေစေရန် ပျော်ရွှင်စွာရေသောက်နေစဉ် မာတာ့မေလမ်းတစ်ဖက်၌ တစ်စုံတစ်ခု တွေးလျက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ လက်ရှိအခြေအနေဖြင့် မာတာ့မေအနိုင်ရခဲ့ဟန်တော့မရှိ။ နည်းပြနှစ်ဦးစလုံး မာတာ့မေမှဟယ်ယန့်ကို ရှုံးနိမ့်နိုင်ခဲ့ခြင်းဖြစ်နိုင်သလားဟူသည့် တစ်ပြိုင်နက်အတွေးတစ်ခု တွေးမိခဲ့ကြသည်။ မာတာ့မေထံသို့ လျန်ဖင်းလမ်းလျှောက်သွားခဲ့စဉ် မာတာ့မေမှလျန်ဖင်း၏ အမေးကို စောင့်မနေခဲ့ဘဲ ဦးစွာပြောပြခဲ့သည်။
"ကျုပ်ရှုံးသွားပြီ"
အမှန်ပင်ရှုံးနိမ့်သွားခဲ့ရသလော။ လျန်ဖင်းပဟေဋိဖြစ်သွားသည်။
"ဘယ်လို ခင်ဗျားသူ့ကို ဘယ်လိုရှုံးသွားခဲ့ရတာလဲ"
မာတာ့မေသည် မိမိတို့နည်းပြများအနက် မြင်းစီးအတတ်ပညာအကျွမ်းကျင်ဆုံးဖြစ်၏။ မာတာ့မေမှ ဟယ်ယန့်ကို အနိုင်မယူနိုင်သော် လျန်ကျိုးခံတပ်အတွင်း ဟယ်ယန့်ထက်မြင်းစီးကျွမ်းကျင်သူမရှိဟူသည့် အဓိပ္ပာယ်ပင်မဟုတ်ပါလား။ ဤကိစ္စ၌ ဟယ်ယန်၎င်းတို့ထံမှမြင်းစီးသင်ယူခြင်းမှာ မည်သည့် အဓိပ္ပာယ်ဖြစ်သနည်း။ သူသည်ပင် သူ့ကိုယ်ပိုင်နည်းပြဖြစ်နေနိုင်ပြီမဟုတ်ပါလား။
"ဒီကလေး ခင်ဗျားအပေါ်လူလည်ကျခဲ့လို့လား"
တုမောင်လေသံတိုးတိုးလေးဖြင့် ဝင်မေးလိုက်သည်။
"ခင်ဗျားသူ့အကွက်ထဲဝင်သွားတာလား"
ဟယ်ယန့်မြင်းစီးကြာပွတ်၎င်း၏ မြှားတံများဆွဲယူသွားခဲ့သည့် အပေါ် တုမောင်စိတ်ပျက်လျက်ရှိနေသေးသည်။ ထိုသို့ စဉ်းစားမိလျှင် မည်သို့ သော တပ်သားအသစ်မျိုးသည် ဤသို့ ပြုလုပ်နိုင်ပါမည်နည်း။ မာတာ့မေမှမျက်စောင်းခဲလျက်
"ကျုပ်ရှုံးတာကျုပ်အရည်အချင်းကပိုနိမ့်နေလို့ကွ သိပြီလား"
ထို့နောက် ဟယ်ယန့်အနားသို့ လျှောက်လှမ်းသွားပြီး
"လူလေး မင်းကို ကျုပ်တစ်ခု မေးချင်သေးတယ်"
![](https://img.wattpad.com/cover/359908865-288-k588007.jpg)