Part 25

2.4K 213 1
                                    

25 01

CHAPTER (25)

ရေပြင်ပေါ်၌ လှေငယ်လေး ဘယ်ညာယိမ်းထိုးလို့ နေသည်။ လမိုက်ညဖြစ်ပြီး ကောင်းကင်၌ ဟိုတစ်လုံးသည်တစ်လုံး ပြန့်ကျဲနေသည့် ကြယ်လေးတစ်ချို့သာ ရှိနေသည်။ မြစ်ကမ်းနံဘေးရှိ မီးအလင်းရောငသည် ရေပြင်ပေါ်အရောင် ဟပ်နေပြီး ရေပြင်ပေါ်ဝိုးတဝါး ထင်ဟပ်နေသည့် မိမိ၏ ကိုယ်ပိုင်အရိပ်ကို မြင်နေရသည်။ ‌အစောင့်မှ လှေငယ်လေးအား မြစ်လယ်ခေါင်၌ ရပ်တန့်ထားသော တခမ်းတနားအလှဆင်ထားသည့် လှေဆီသို့ ဦးတည်လှော်ခတ်နေသည်။

ဟယ်ယန် ခေါင်းငုံ့နေပြီး မည်သည့် စကားမျှ မပြောခဲ့ပေ။ အစောင့်မှ မအောင့်မအီးနိုင်ဘဲ ဟယ်ယန့်ကို မော်ကြည့်မိသည်။ လှေကြမ်းအတွင်း ခါးမတ်မတ်‌ထိုင်နေပြီး လက်နောက်ပစ်ကြိုးတုပ်ထားခံထားရသည့် အတိုင်း မလှုပ်မယှက်ထိုင်နေသည်။ မိမိအကြည့်ကို အာရုံခံမိသကဲ့သို့ ထိုမိန်းမပျိုမှ လှစ်ကနဲခေါင်းမော့ကြည့်လာသည်။ ကြက်သီးထတုန်ရီသွားမိပြီး လက်အတွင်း ကိုင်ထားသည့် လှော်တက်ပင်လွတ်ကျလုနီးနီးဖြစ်သွားသည်။

အင်မတန်အေးစက်လှသော အကြည့်ဖြစ်ပြီး ခံစားချက်ကို မဖော်ပြနိုင်ခဲ့ပေ။ ၎င်းမှာ အလောင်းတစ်ကောင်မှ မျက်တောင် မခတ်ဘဲ စူးစိုက်ကြည့်နေသည့် နှယ်။ရေပြင်၏ လှိုင်းတံပိုးသံတို့သည် အိပ်မက်သကဲ့သို့ ဖြစ်နေပြီး ထိုမိန်းမပျိုအား ပို၍ ပင်တစ္ဆေဆန်စေနေသည်။ အမှန်ပင်လွန်ထူးဆန်းလှ၏။ အစောင့်ဖြစ်သူ ရင်တုန်လာသည်။ ထိုမိန်းမပျိုသည်စကားများများမပြောခဲ့ဘဲ မည်သည်ကိုမျှ လည်းမမေးခဲ့ကာ ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်လို့ နေသည်။ သာမန်အမျိုးသမီးတစ်ဦး မူ ယခုအချိန်အခါမျိုး၌ မေးခွန်းတစ်ခု သို့ မဟုတ် နှစ်ခုလောက်ကို မေးမြန်းလာခဲ့မည်မဟုတ်လော။သို့သော် ဟယ်ယန် မမေးခဲ့ပေ။ တိတ်ဆိတ်နေသည့် ရုပ်သေးရုပ်သကဲ့သို့ အလွန်အမင်း တိတ်ဆိတ်နေလျက် သက်ရှိလူတစ်ဦး နှင့် ပင်တူမနေချေ။

ညရေပြင်သည် ရေဝဲတစ်ခု သဖွယ် တလက်လက်တောက်ပလို့ နေပြီး ဟယ်ဝမ်ရူ့လူများမှ သူ့အားရေကန်အတွင်း ရေနှစ်သတ်ခဲ့သည့် အတိတ်နေ့ရက်များဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ အတိတ်၌ ရေကူးတတ်ပြီးအင်မတန်ရေကူးကျွမ်းသူတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ယနေ့ လက်ရှိအချိန်၌ တောင့်တင်းနေသော မိမိအာရုံကြောများမှ ရေကြောက်ကြောင်း ပြောပြလို့ နေသည်။ လှေငယ်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီး အဆုံးမဲ့ရေဝဲအတွင်း နစ်မြုပ်သွားမည်ကို စိုးရိမ်နေမိသည်။ ပြုတ်ကျခဲ့သော် ပတ်လည်ဝိုင်းနေခဲ့မည့် ရေများအတွင်းမှ ထပ်မံမထွက်ပေါ်လာနိုင်မည်ကို ကြောက်ရွံ့နေမိသည်။ မိမိသည်ကောင်းကင်ကြီးနှင့် တစ်စတစ်စ ဝေးကွာနေခဲ့ပြီး ဘာမျှ မတတ်နိုင်ခဲ့မည်ကို ကြောက်ရွံ့နေမိသည်။ ဤဘဝသည်လည်း ယခင်ဘဝကဲ့သို့ ရုတ်ချည်း အဆုံးသတ်ရမည်ကို စိုးရိမ်နေမိသည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now