အခန်း(၁) (part-1)

7.6K 254 2
                                    

ဝုန်း......ဖြေးဖြေး.. ဖြေးဖြေးနော်....။
ဆူညံသံတွေကြားနေသော်လဲ လူကမထဖြစ်မျက်ခုံးနှစ်ဖက်မှာသာ ရှုံ့နေမိသည်။
ဘယ်လိုလူတွေကများဒီအချိန်မှာလာဆူနေရသလဲ....အိပ်ရေးမဝသေး၍ မထချင်သော်လဲဆက်အိပ်နေရန်မှာ မဖြစ်နိုင်တော့...ကမ္ဘာပျက်နေသလိုပင်။
မကြည်လင်သောစိတ်နဲ့သာ အိပ်ယာမှထထိုင်ကာ ဆံပင်များကိုဖွပစ်လိုက်မိသည်။
နာရီကြည့်တော့ မနက်၁၀နာရီခွဲနေပြီ...ဒါလူတွေအလုပ်လုပ်ချိန် မသိပဲနေမလား...but မိမိဟာ ညဆိုအိပ်ရကောင်းမှန်းမသိမိုးလင်းပေါက်နေပြီး၊အရုဏ်တက်ချိန်ရံဖန်ရံခါနေထွက်ချိန်များတွင်သာ အိပ်လေ့ရှိသည်မို့ ဒီအချိန်မှာအိပ်ရေးမဝနိုင်သေး..ခုတော့ဆက်အိပ်ရန်လဲ မဖြစ်တော့....
ယခင်ကတိတ်ဆိတ်နေသော မိမိအိမ်ဝန်းကျင်မှာ ဒီနေ့ကမ္ဘာပျက်မတတ်ဆူနေသည်ကိုသိချင်လာ၍ ပြတင်းပေါက်မှအကြည့်..
-အမယ်...ဟိုဘက်ခြံမှာ လူသစ်တွေပြောင်းလာတာကိုး..ထို့နောက်မိမိမျက်လုံများအားအကြည့်မလွှဲမိစေသည့် ထိုလူတစ်ယောက်။
သက်ပြင်းတစ်ချက်ချကာ မျက်နှာသစ်အဝတ်အစားလဲပီး breakfastစားရန်ဆင်းတော့..
မာမီ့အကြည့်များနှင့်ရင်ဆိုင်ရတော့သည်။ထူးထူးဆန်ဆန်းထလာသည်မို့ မာမီကကြည့်ကာ..

-ဘယ်သွားစရာရှိလို့ထလာတာလဲ?

မာမီရွဲ့မေးမှန်းသိပမဲ့ မိမိကလဲအရီမပျက် ပခုံးနှစ်ဖက်တွန့်ပြလိုက်သည်။
မာမီ့ထံမှ ဒေါသမပါသောမျက်စောင်း တစ်ခုကျရောက်လာပြီး...

-ဟိုဘက်ခြံကို စပ်စပ်စုစုသွားဖို့စိတ်မကူးနဲ့နော်...သာသာ။

မာမီ့စကားကြောင့် coffeeသောက်ရာမှ ထပ်ပြုံးမိပြန်သည်။မာမီဟာလေ မိမိဘာလုပ်ချင်သည်ကိုပြောစရာမလိုပဲ အမြဲသိနေတတ်သောကြောင့်ပင်။
ဒါဆို စပ်စုဖို့တားသည်မှာလဲ အရာမရောက်မှန်းတန်းသိနေမှာပင်။စိတ်ထဲမှလဲ
-မစပ်စုလို့ရမလား ကို့အိမ်ဘေးပြောင်းလာတာ ဘယ်လိုမိသားစုလဲတော့သိရမပေါ့။မာမီ့ကိုနမ်းလိုက်ကာ ဘေးအိမ်သို့မလွယ်ပေါက်မှကူးလိုက်တော့သည်။
မိမိလဲထိုခြံထဲသို့အရောက် အိမ်ရှင်အသစ်ဟုထင်ရသောလူတစ်ယောက်က.

-ဟေ့ ဟေ့ သူများအိမ်ကို အရှေ့ပေါက်ကဝင်လေ။

ကိုယ့်ကိုပြောသောသူအား ကြည့်လိုက်ကာဘာမှတော့ပြန်မပြောဖြစ်ပမဲ့ မိမိပုံမှာဂရုမစိုက်သည့်ပုံ ဖြစ်နေမှာတော့အမှန်ပင်။ပြီးတော့ ထိုသူ....ထိုသူနှင့် ဘယ်လောက်ကြာကြာ ရင်ဆိုင်ကြည့်နေမိသည်တော့မသိလိုက်...အမျိုးသမီးတစ်ယောက်ရောက်လာကာ..

-ဘေးအိမ်ကထင်တယ် ခနနေမှ အန်တီတို့လာနှုတ်ဆက်မလို့ပါကွယ်..။

အမျိုးသမီး ဘက်လှည့်ကာ ပြုံးပြလိုက်ပြီး...

-ဟုတ်ပါတယ် အန်တီ...ဘေးအိမ်ကပါ ဘာများကူညီပေးရမလဲလို့ လာတာပါ၊အရှေ့ကနေဝင်ရင် လမ်းမရှိဘူးလေ၊ပစ္စည်းတွေနဲ့ပြည့်နေလို့ပါ။

ထိုအမျိုးသမီးမှ လှိုက်လှဲသောအပြုံးများနှင့်မိမိကိုကြည့်ကာကျေးဇူးတင်ကြောင်းနှင့် ညနေမှလာခဲ့ပါဦးမည်ဟုဆိုကာပြောတော့.. ဒါဟာမိမိအားမရှိနေစေချင်တာ သိသာသည်မို့ ကိုယ်လဲအပြုံးမပျက်နှုတ်ဆက်ကာပြန်လာခဲ့လိုက်ရသည်။ထိုသူလဲ မိမိစကားပြောတော့ ထွက်သွားပြီကိုး။
ကိုယ်သိချင်တာလဲ မသိရ၊စပ်စုချင်တာမှန်ပင်မဲ့တကယ်ကူညီရန်လဲ စိတ်ကူးရှိနေခဲ့သည်။
သို့ပမဲ့ အလိမ္မာ နှင့် နှင်ထုတ်ခံရသည်ဟုသာ ထင်မိသောကြောင့် မျက်ခုံးနှစ်ဖက်ကိုသာ အသားကုန်ကျုံ့နေမိတော့သည်။

SAME LOVE DIFFERENT FEELING    (Complete) Donde viven las historias. Descúbrelo ahora