အပိုင်း ၂
81.1K 6.4K 50
အပိုင်း ၂
၂၀၁၅ ၊ နိုဝင်ဘာလ
"ဟဲ့ ဟိုမှာ ထမင်းချိုင့်လာယူနေပြီ"
အပွင့်အခက်စုံလင်နေသော ကတ်များကိုကိုင်လျက် ဝိုင်းထဲမှလှမ်းအော်သော အန်တီခက်၏ ဆောင့်ဆောင့်အောင့်အောင့် အသံမဆုံးခင် တိုက်လက်စမီးပူကို အရှိန်လျှော့ အဖေ့ပုဆိုးဘေးတွင် ထောင်ကာ မီးခိုချောင်သို့အပြေးတစ်ပိုင်းနှင့်သွားရသည်။
"အဲ့ ဟာလေးကို အဲ့ဒါတွေ ငါသဘောမကျတာ။ ဘာမှ ကြိုကြိုတင်တင်နဲ့ သိုးသိုးသွက်သွက်မရှိဘူး"
ထမင်းအုပ်ဆောင်းအောက်မှ အဆင့်သင့် ထည့်ထားပြီးသော ချိုင့်ခွက်များကို ကိုင်းတွင်ဆင့်ထပ်နေစဉ် အိမ်ရှေ့မှ အပြစ်တင်သံကိုလည်း စိတ်မချမ်းမြေ့ဖွယ်ကြားနေရသည်။
"ဘာမှကို အဆင့်သင့် မရှိဘူး။ ပုံစံကိုက လှုပ်လီလှုပ်လဲ့နဲ့ ဘယ်နေရာမှာမှ သွားသုံးလို့ကို မရတာ။ အဖေလုပ်သူနဲ့ workshop ထဲ ဝိုင်းကူမလားဆိုတော့လည်း သူ့ပုံစံနဲ့ ဘယ်လိုလုပ်အချိုးပြေမှာလဲ။ ဟိုမှာက ယောက်ျားတရုံးရုံးနဲ့ ဆို ကိုကြီးပိုလို့တောင်အရှက်ကွဲရဦးမှာမို့ အိမ်ထဲထည့်ထားတော့လည်း တွေ့တဲ့ အတိုင်းပဲ"
အိမ်ရှေ့ပြန်ထွက်လာ၍ အပြောရပ်သွားသော်လည်း မျက်လုံးစိမ်းများနှင့် မော့ကြည့်ကာထိုးလိုက်သော်
မျက်စောင်းတစ်ချက်က နေထားတကျ။ ထုံးစံအတိုင်းမမြင်ချင်ယောင်ဆောင်၍သာ အိမ်ရှေ့ဖိနပ်ချွတ်
နေရာမှာပင် ရပ်စောင့်နေသော ကောင်လေးလက်ထဲသို့ ထမင်းချိုင့် မြန်မြန်အပ်ပြီး မီးပူတိုက်ရန်
ပြန်ထိုင်လိုက်သည်။
"ဟဲ့ ငါ့သားလေးအတွက် ဟင်းတွေချန်ထားသေးလား"
"ဟုတ် ချန်ထားတယ် အန်တီ"
"အေး နင့်အဖေအတွက် ဟင်းတွေအများကြီးထည့်ပေးမနေနဲ့။ ကိုကြီးက အသက်ကြီးနေပြီ အသားငါးတွေ သိပ်စားနိင်တော့တာမဟုတ်ဘူး။ သူ့အလုပ်သမားတွေပဲ ဝိုင်းစားကြတာ။ အကောင်းတွေ သိပ်ထည့်မပေးနဲ့။ သူ့ဘာသာသူ အိမ်ပြန်ရောက်မှ စားပါစေ"