၂၀၁၆ ၊ ဧပြီ
အလုပ်လုပ်နေချိန် အချိန်ကုန်မြန်တယ်
ိုမှန်သင့်သလောက်မှန်တယ်။ အကုန်မြန်
ချင်နေတာမဟုတ်ဘဲ ကျော်ချချင်နေတဲ့
ကိုယ်လို လူမျိုးအတွက်ကတော့ ဘာမှ
အကြောင်းမထူး။အကြောင်းတွေ လျှောက်မေးမှာစိုးရိမ်
လွန်းသူလေးက ဝစီပိတ်တရားစခန်းကို
မှ ရွေးသည်တွင်
ကိုယ့်အတက်ကိုယ်စူးကာ ခုတော့ အ
လွမ်းပြေ အသံတောင် မကြားရတော့
သည့်ဘဝ။ထိုင်းသင်္ကြန်တွင်းကြီးမှာတောင် သူရမေ
ရိယကံ အထူးလုံခြုံနေသော ကျွန်တော့်
ကို ငွေခြူးမ မလှောင်ပြောင်စေခြင်းငှာ
ကားကိုသာ ပင်တိုင်တက်မောင်းသည်။
ရဝေစံ ကြင်ယာတော်၏ တစ်ချက်လွှတ်
အမိန့်ဖြစ်ကြောင်းတော့ မပြောပြဖြစ်
တော့။ ချစ်တာနဲ့ ကြောက်တာ မတူ
ကြောင်းကို ထပ်မရှင်းပြချင်၍ ဖြစ်သည်။သို့သော် အမောပြေစရာလေးရှိရာဘုမိ
နက်သန်သို့ ဆိုက်ရောက်လာချိန်တွင်
တော့ စိတ်လုံစွာနဲ့ အမှတ်ယူရတာပေါ့။"နမ်းကြည့်လေ သောက်ထားလား
မသောက်ထားသိချင်ရင်" လို့ မေးရုံလေးနဲ့ ခေါင်းငုံ့ငြိမ်သက်သွားစေသည်က
အမြတ်မလား။ငွေခြူးမ၏
"နင်ကဲမနေနဲ့နော်။ ဟိုက တရားရိပ်မှာ
အေးလာတဲ့ လူ..." ဟူသော အိမ်အပြန်
နှုတ်ဆက်စကားကို အပင်းစာရင်းသွင်း
ထားလိုက်သည်။"အရမ်းပင်ပန်းလိုက်တာဗျာ" ဟုတစ်ခွန်း
ညည်းပြလိုက်ရင်ဝေဟင်က မိုးလင်းအထိ ဒီအတိုင်းလေး
့ငြိမ်ပြီး အမှီခံနေမယ့် လူသားမျိုးဆိုတာ
အသိမခံဖြစ်တော့။ခုလည်းမနက်တည်းက အစ်ကို့ကို အနား
က မခွာခိုင်းတာ။ ကလေးကပ်ခံရလွန်းတဲ့
အမေတွေလို နင်က ကျွန်ရွေးလိုက်တာ
ဟုပင် မဆို။"အဝတ်တွေ အစ်ကို မလျှော်ရအောင် ဟိုမှာတည်းက အပ်ထားခဲ့တာ။ အစ်ကိုက
ကျွန်တော့်နားမှာပဲနေ"ထားသည့်နေရာမှာတင် ငြိမ်ငြိမ်လေး
ထိုင်ကာ အရိပ်တကြည့်ကြည့် ဆိုသည်
ထက် ပိုကာ တစိမ့်စိမ့်ကြည့်တတ်သူ။
အိပ်ပျော်သွားပြီဟု ထင်ပြီဆိုတာနဲ့
ကျွန်တော့် ခေါင်းကို ခပ်ဖွဖွပုတ်ပေးရင်း
မှ နှာရိုးပေါ်မှ အစက်ငယ်ကိုလည်း
ထိတွေ့တတ်သည်။ နှုတ်ခမ်းနုနုများဖြင့်
မို့ ထိုအချိန်တိုင်း ကျွန်တော်အသက်
အောင့်ထားရသည်အထိ ဝေဟင်က
အန္တရာယ်များ၏။
ESTÁS LEYENDO
RomanceColourful love Family Drama Unicode + Zawgyi