အပိုင်း ၄၄
37K 4.7K 208
၂၀၁၉ ၊ ဧပြီ
"ကျွန်တော်...ကိုဝေဟင်ကို ရှောင်ပါရစေ
ဘာကြောင့်မှန်းမသိပေမဲ့ ကျွန်တော်
ကိုဝေဟင် နဲ့ မတွေ့သင့်ဘူးလို့ စိတ်ထဲ
ထင်နေတယ်။ဒါကြောင့် ကျွန်တော့်ကို
လည်း အစ်ကို့ဖက်က ရှောင်ပေးပါ"
ကားတံခါးဖွင့်ရင်းမှ မျက်နှာချင်းဆိုင်တွင်
ရှိနေသော သူတို့သားအဖကို အကြည့်
လွှဲဖြစ်သည်။ သူကတော့ မမြင်ပါ။
Aidenလေးကို Safety baltပတ်ပေး
နေသည်။
နေ့လယ်စာ အတူတူစားခဲ့သော
နောက်ဆုံးအကြိမ်က သူ့စကား
ကြောင့် သူ့ကို ဝေ က စကာရှောင်ပေး
ဖြစ်သည်။ နေရခက်နေတယ်။ သူ့စိတ်
ကို သူသေချာမသိသေးခင်လေးမှာတင်
အိမ်ထောင်ရေးဖောက်ပြန်သလိုဖြစ်နေ
မှာစိုးရိမ်နေသော ကလေးငယ်။ ပင်ပန်း
နေတာကို မကြည့်ရက်။ ဘုန်းတခေတ်
က တွန်းအားပေးသော်လည်း ဘယ်လို
လုပ်မလဲ ။ ဝေ မှ မလုပ်ရက်လေတာ။
ဝေ့ အတွက် အချိန်မရှိဘူးဆိုတာ သိ
နေပေမဲ့လည်း သော် ခံစားနေရတာ
ကြည့်ပြီး သူမုန်းသော ယောကျာ်းတစ်
ယောက်ပုံစံမျိုးသူကိုယ်တိုင်ဖြစ်နေပုံကို
ဝေ ဘယ်အင်အားနဲ့ တောင့်ခံနိုင်ပါ့မလဲ
ဒီလိုနဲ့ပဲ အလုပ်တွေအားလုံးပြီးလို့ နှုတ်
ဆက်ရမယ့် အချိန်တောင်ရောက်လာခဲ့
ပြီ။ ကုမ္ပ္ပဏီနှစ်ပတ်လည်ပွဲပြီးပါက ဝေ
သူနဲ့ တွေ့ရဖို့ အချိန်မရှိတော့။ သူတို့
အဘွားလည်း ပြန်လာခဲ့ပြီ။ ဘုန်းတ
ခေတ် အပြောအရ အဘွားက ထင်ထား
တာထက် ပိုသတိထားရမည်။ ထားသင့်
၏။
"ကိုကို"
ကိုယ့်အတွေးနဲ့ ကိုယ် Safety baltပတ်
နေစဉ် ဘုန်းတခေတ်သည် ကားမှန်တံခါးကို ခေါက်လာသည်။ မှန်ကိုလျှောချလိုက်
သည်နှင့် မြင်ကွင်းထဲဝင်လာသည်က
ဆွဲထားသော ခရီးဆောင်အိတ်။
"ကိုကိုနဲ့ အတူတူလိုက်မလို့"
စိတ်တွေညစ်ရ၏။ ဒီကလေးနဲ့ တစ်စီး
တည်း စီးပြီး ငွေဆောင်ထိသွားပါက
ဝေ့ မှာ ငြိမ်းအေးမှုဆိုတာရှိမှာမဟုတ်။
"ဘာလို့လဲ မိသားစုကားနဲ့ လိုက်လေ"
"ဖွင့်ပါ ကိုကိုရာ။ ကိုကိုတစ်ယောက်
တည်း ဟိုထိမောင်းရင် ပင်ပန်းမှာပေါ့"