အပိုင်း ၃၉
36.5K 4.8K 171
၂၀၁၉ ၊ ဖေဖော်ဝါရီ ၊ Star City
"Aiden"
ကားပေါ်က ဆင်းဆင်းချင်း နာမည်ခေါ်
လာသူသည် တွေ့မြင်နေကျ နာနီမဟုတ်
၍ Ferrry တာဝန်ခံဆရာ
မလေးပါ တုံ့ဆိုင်းသွားသည်။
"ကျွန်တော်က Aiden ဦးလေးပါ။ နာနီက
သူ့ သမီးလေးဖျားနေလို့ စောစောပြန်
သွားလို့ပါ"
"အငယ်ပါ"
Aiden ကိုယ်တိုင် ဦးလေးဖြစ်သူကို
လက်ဆွဲလျက် မိတ်ဆက်ပေးသောအခါမှ
ဆရာမလေးသည် စိတ်ချသွားပုံရသည်။
ဆရာမနှင့် သူငယ်ချင်းများကို တာတာ့
ပြနှုတ်ဆက်ပြီးသည်နှင့် ဦးလေးကိုယ်
ပေါ် ကုပ်တက်တော့သည်။
"ပျော်လား အငယ်လာကြိုတာကို"
ခေါင်းကိုအားပါးတရညိတ်ပြသည်။
"Aiden ကို ကိုကိုလှလှလေးတစ်
ယောက်နဲ့ မိတ်ဆက်ပေးမယ်။ Aiden
တွေ့ချင်လား"
"ကို...ကိုး"
"အင်း ကိုကိုး လှလှလေး။ Aidenနဲ့ က
စားချင်လို့တဲ့...ဘယ်လိုလဲ တွေ့ချင်
လား"
"Y...yes"
"Ok လာ ကိုကိုးဆီသွားရအောင်"
"Hi Aiden..."
တွေ့တွေ့ချင်းနှုတ်ဆက်လာသူလက်ထဲ
က အပြာရောင် နားရွက်ဖားဖားတွေရှိ
သော အရုပ်ကိုတွေ့သည်နှင့် ပြုံးပျော်
ရွှင်သွားသည်။
"တစ်...တစ်"
"ကြိုက်လားAiden"
တစ်တစ် ဟုခေါ်သော Stitch ရုပ်ကို
လွတ်ထွက်သွားမည်ဆိုးသည့်အလား
ပွေ့ဖက်ကာ ရယ်ရွှင်မြူးနေတော့၏။
"Let me be your friend, Aiden"
"ye...yes"
လက်သေးသေးလေးကိုဆွဲကာ နှုတ်
ဆက်သော အခါ Aidenသည်သာ
မက သူ သည်လည်း စိတ်လှုပ်ရှားနေ
သည်ကို ကြည့်ပြီးသက်ပြင်းချမိသည်။
ဒီလောက်တောင် ချစ်တတ်ရလား
ဝေဟင် ဟု စိတ်ထဲမှသာမေးမိသည်။
"Aiden ဒီအကောင်ပေါက်ကို ကြိုက်မှန်း
ကိုကို ဘယ်လိုသိတာလဲ။ ကျွန်တော်
တောင် မပြောမိလိုက်သလိုပဲ"
"ဒီလိုပဲ သိနေတာ"
ခပ်အေးအေးပြုံးရင်းမှ Aiden နှုတ်ခမ်း
တွင်ပေနေသော ကိတ်မုန့်ခရင်မျာကို
ငြင်သာစွာ သုတ်ပေးသည်။