အပိုင်း ၂၀-၁
47.3K 5.4K 303
အပိုင်း ၂၀ - ၁
"အာ...အသားတွေ ပါကုန်မှာပေါ့"
ချက်ချင်းဆိုသလို လက်တစ်ဖက်​ကို ဆွဲယူ
ကြည့်သည်။
"မညှပ်တတ် ညှပ်တတ်နဲ့... "
မညီမညာလက်သည်းများကို ငုံ့ကြည့်ကာ ပွစိပွစိလုပ်နေ ဒီလို အနားမကပ်တာ ဟို တစ်ခါ ကျောင်းပြေးတဲ့ ကိစ္စကို ဆူပြီးတည်းက... အင်း မနေ့ညကမှ တောင်း
ပန်စကားပြောပြီး သူလည်းဝအောင်ငိုပြီးမှ အခုလိုအနားပြန်ကပ်တာ။
"ဝေ ညှပ်ပေးမယ်"
ပြောလည်းပြော လက်သည်းညှပ်
သည်လည်း သူ့လက်ထဲ ရောက်နေပြီ
"ရ...ရပါတယ်"
"ဒီလို ထင်သလို လျှောက်ညှပ်နေရင်
လက်စွယ်ငုတ်လိမ့်မယ်။ အခု ကြည့်ဦး
လက်သည်းတွေ ပဲ့ရွှဲ့နေတာပဲ"
ညာဖက်လက်တစ်ဖက်သည် လက်
ချောင်းအေးစက်စက်တွေထဲ မျောပါသွားမိသည်။ ရေချိုးပြီးခါစ မနက်ခင်းမို့လားမသိ နှစ်ယောက်ပိုင် အအေးဓာတ်က လက်ချောင်းတွေကြား ကူးလူး
ဆက်သွယ်နေ၏။
ထို့အတူ မနက်စောစော ရေချိုးတတ်တဲ့ အကျင့်ကောင်းလေးကြောင့်လည်း
မွှေးပျပျအနံ့သင်းသင်းကလည်း
စိတ်အေးနေစေသေး၏။
"ကြည့်ဦး မင်းလက်သည်းတွေ... "
သေသေချာချာ စူးစူးစိုက်စိုက်နဲ့ ကွေ့ဝိုက်ညှပ်ပေးနေသောသူ ။
တကယ်ကို နူးနူးညံ့ညံ့နှင့် ။
ငယ်ငယ်ကတည်းက တစ်စုံတစ်ယောက် ရဲ့ အခုကဲ့သို့ ဂရုစိုက်ပေးသူမရှိ။ အ
ခုတော့...
ရှင်းသန့်ဖြူဖွေးနေသော လည်ဂုတ်မှ
မွှေးညှင်းလေးတွေမှာ ​နေက်​ခံ​ရောင်​​ကောင်း​သောအသား​ရောင်​​ကြောင့်စိမ်း
မြမြရှိနေမှု။
နီရဲရဲနားရွက်တွေသည် ယှက်ဖြာနေသော ဆံခြည်မျှင်သွေးကြောများ၏ ဂုဏ်သတ္တိကိုအထူးပြုသည်။
အစိတ်အပိုင်းတစ်ပိုင်းချင်းစီသည် ကရုဏာရသအပြည့်ပြီးစေ၏။
ဒီအတိုင်းနေရင်တောင် အလကားနေရင်း သနားနေတာ မနေ့ညကလို မခတာကြာပြီဖြစ်သော
မုတာများကြွေသည်ကို မြင်တော့ ပျာပျာသလဲ အဆင့်ဖြင့်တောင် ကျွန်တော်သူ့ကို တောင်းပန်ရသည်။