၂၂-၂
49.8K 5.3K 185
"ကျွန်တော် သွားနှင့်ပြီ"
မှန်ပေါ်တွင် ကပ်ထားခဲ့သော စက္ကူပိုင်း
လေး။
သေသေသပ်သပ်သိမ်းခေါက်ထားသော
အိပ်ရာခင်းက အိမ်ရှေ့ခန်းကျဉ်းမှ ငြိမ်
သက်စွာ။
သူတစ်ယောက်လုံးအိမ်က ထွက်သွားတာ
တောင် မသိလောက်အောင် ဝေ အိပ်မော
ကျနေခဲ့သည်လား။ ဘာမှဆက်မစဉ်းစား
နိုင်​။ အိမ်​ထဲမှ ​ပြေးထွက်​မိသည်​။
ရပ်​ကွက်​နှင့်​ ကားဂိတ်​အကွာအ​ဝေးက
တာငန်းမချို့၍ ​ပြေးလွှားခြင်းအမှုဘယ်
သောအခါမှ မပြု။ ခု ​မောဟိုက်​​နေသည်​။
မနက်​ခင်းတိုင်း "အစ်​ကို ကျွန်​​တော်​သွား
ြုပီ​နော်​။ နောက်ကျမယ်ဆို ဖုန်းဆက်
လိုက်မယ်" ဆိုသည့်​ နှုတ်ဆက်သံကို ကြား
ချင်သည်။ ထိုသို့ပြောသွားမှ သူ အိမ်ပြန်
လာမည်။ ဝေ ရှိရာသို့ ပြန်လာမည်ဟူ
သော အသိနှင့် နေ၍ရသည်။
"သော်..."
ဝေလီဝေလင်း အလင်းရောင်ထဲ မော
မောဟိုက်ဟိုက်ဟန်ပန်နှင့် တုန်တုန်ယင်
ယင်အခေါ်ရှိလာသူ။
"အစ်ကို ဘယ်လိုလုပ်ပြီး..."
ခါးကိုင်းရင်း အမောမပြေဟန်ရှိသူနား
သာ အလိုက်တသိ သွားတော့ ပြန်ကြည့်လာသော မျက်ဝန်းသည် မဝံ့မရဲမော်ဖူး
နေဟန်။ ဖြေရန်ခက်နေဟန်ဖြင့်လည်း
မျက်နှာအောက်လွှဲချနေသေးသလို
အောက်နှုတ်ခမ်းပါးကိုလည်း တတိတိ
ဖိကိုက်နေသေးသည်။
"ကျွန်တော် ဘာကျန်ခဲ့လို့လဲ"
"ဟင့်အင်း"
"ဒါဆို ဘာလို့ အမောတကော ပြေးလိုက်
လာတာလဲ"
"မင်း...မင်း ထွက်သွားတာ မတွေ့လိုက်ရ
လို့"
တိုးတိမ်တိမ်လေးပြောလျက် မော့ကြည့်
ပုံက...
အရင်စိတ်နဲ့သာဆို အကဲပိုတယ် ခင်ဗျား
က ဟူ၍ ပြစ်တင်မိချင်မိလိမ့်မည်။ ခုက
တော့ သက်ပြင်းမောသာ ချနိုင်တော့၏။
"ကျွန်တော်က အစ်ကို အိပ်ပျော်နေသေး
လို့ မနှိုးတော့တာ။ မနေ့ညကလည်း
အစ်ကို စာကြည့်နေတာမလား။ ဒါ
ကြောင့် ဒီအတိုင်းထွက်လာတာ"
ဘာမှမပြော ကြည့်မြဲကြည့်နေပြီးမှ
ကျွန်တော့် အမူအရာကို အကဲခတ်မိလိုက်
ပုံရသည်။ ထို့နောက် သတိဝင်လာဟန်
ဖြင့် ဘေးဘီကို ငဲ့ကြည့်သည်။ ဝီရိယကြီး
သော လုပ်သားတစ်ယောက်စနှစ်
ယောက်စ ရှိလာပြီကို သတိပြုမိသောအခါ တွေ့နေရသော နူးညံ့ခြင်းအချို့ကို
အေးစက်ခြင်းသရေခြုံချသည်။