အပိုင်း ၄၇
37.2K 4.8K 275
၂၀၁၉ ၊ ဧပြီ
အဝေးပြေးလမ်းမကြီး၏ ပျင်းရိဖွယ်ရာ
ရှေ့မြင်ကွင်းတွေကြည့်လို့ မျက်လုံး
ညောင်းလာတိုင်း ဘေးဖက်ခုံကို လှမ်း
လှမ်းကြည့်နေမိသည်မှာ အရင်တည်းက
အကျင့်လား။
အရင်က ဒီလိုအခြေအနေမျိုးတွင် အခု
လိုမျိုး ငဲ့ကြည့်လေ့ရှိသလား။ ရှိခဲ့ပါက
ဘယ်သူရှိနေမလဲ စဉ်းစားမရ။
သို့သော်...
Lover seatကို နောက်လှန်ချလျက် Aidenကို ရင်ဖက်ပေါ်တင်ကာ အိပ်စက်
နေသူ။ Aidenသည်လည်း သူ့ရင်ငွေ့
တွင် စိတ်ချလက်ချပင် အိပ်မောချနေ
ရှာသည်။ ပုတ်သိပ်ပေးရင်း သူပါအိပ်
ပျော်သွားဟန်ရှိကြောင်း Aiden
ကျောပေါ်မှ တစ်ချက်တစ်ချက် လှုပ်လာ
သော လက်ချောင်းလေးတွေက သက်
သေ။
ပြစ်မျိုးမှဲ့မထင်ဆိုတာ မိန်းကလေးတွေ
ပိုင်ဆိုင်တဲ့ ဝိသေသပေမဲ့ သူနှင့် များစွာ
သက်ဆိုင်သည်။ နောက်မှာသွားအိပ်ခိုင်း
သော်လည်း Aidenနိုးသွားမည်ဟူသော
အကြောင်းပြချက်နှင့် ခွေခွေခေါက်ခေါက်
"အနောက်မှာသွား အိပ်လေ။ ခါးနာမယ်"
အိပ်မှုန်စုန်ဝါးဖြစ်နေသူကို wet tissue
ကမ်းပေးတော့ မျက်နှာဖွေးဖွေးကို ပွတ်
တိုက်၏။ ပို၍ စင်ကြယ်ပကြည်လင်း
လာပါသည်တည့်။
"ကျွန်တော့် တစ်လှည့် မောင်းပေးရမလား"
"ရတယ်။ ဒီအတိုင်းနေရင် ကြာရင် ကျဉ်
လာလိမ့်မယ်။ Aidenကို နောက်မှာ ပြန်
သိပ်မလား"
"ရတယ်။ အိပ်ပါစေ။ ဒီအရွယ်တွေက ရင်
ခွင်မက်တယ်"
နောက်ဆုံးစကားကို ခပ်တိုးတိုးပြောရင်း
Aiden ခေါင်းနောက်ကို ဖွဖွပွတ်ပေးနေ
သည်။ ပြုံးမိသည်အထိ စိတ်ထဲ နွေးထွေးလာရသည်။
ဒီကို ပြန်ရောက်တည်းက Ava အနားမှာ
မရှိဘဲ Aiden နဲ့ နှစ်ယောက်တည်းသာ
နေခဲ့၍ မိသားစုဆိုသည့် ခံစားချက်ကို
မခံစားဖူးခဲ့။ အခုလို ပုံစံနဲ့ ကျွန်တော့်နား
ရှိနေခြင်းကို အဓွန့်တည်စေချင်နေမိ
သည့် စိတ်။ ဘုရားတ မိသည်။ကျွန်တော်
ဘာတွေတွေးနေတာလဲ။
"ဂျာချုပ်..." ဟူသော အသံနဲ့ အတူ လက်
မောင်းတစ်ဖက်ကို ကိုင်လှုပ်လာသည်။