အပိုင်း ၂၀-၂
နေက ခေါင်းပေါ်တည့်တည့်ရောက်နေသည်မဟုတ်။ ကိုသူရိန်က ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်မိန့်မိန့်ကြီး
လာ တက်ထိုင်နေသလိုကို ပူနေတာ။ aircon ခန်းတွေထဲမှာသာ အနေများလို့လားမသိ သွပ်မိုးထရံကာ
အိမ်လေးက လက်ဖက်ရည်ဆိုင်က ပေါက်စီပေါင်းအိုးလေးလိုဖြစ်နေသည်။
တကယ်ပေါက်စီဖြစ်သွားလည်းကောင်းသား...ဖြူဖွေးနေတဲ့ တစ်ကိုယ်လုံးကို ဒီအတိုင်းထားပြီး
အောက်ပိုင်းလေးကို စက္ကူပါးလေးပဲ ကပ်ထားလည်း အမြင်တင့်တယ်။ ခုက...
အပြင်လေဝင်တဲ့ အိမ်ရှေ့ခန်းက ကျွန်တော်တောင် လူးလှိမ့်နေတာ။ ထမင်းစားပြီးတည်းက အိပ်ခန်းဆောင်သာ
ထဲ ဝင်သွားသူ...
"ဟောဗျာ..."
လိုက်ကာဟလျက်သားနှင့် ကျွန်တော့်အသံကြားတော့ စာကုန်းရေးနေသော ကိုယ်လေးက တွန့်သွားသည်။
ဘေးပြတင်းပေါက်လေးက လာသော အလင်းရောင်ကို အားပြုပြီး အိပ်လို့မရအောင်ထိ ပူပြင်းနေသာ
မတ်လလယ်ကြီးတွင် အခန်းအောင်းစာလုပ်နေ၏။
"ဘာ...ဘာလိုလို့လဲ သော်"
"ခင်ဗျား အရင် ကျွန်တော့်နာား လာဖို့လိုတာ"
ငှက်မွေးဖြူလေး လေအားဖြင့် ငြင်သာစွာပင့်တက်လာသလို ထိုင်နေရာမှ သိမ်မွေ့စွာထရပ်သည်။
ဆင်မယဉ်သာ မဆိုသော်ငှား ခြေဖဝါးနုနု၏ ထိခတ်မှုကိုအောက်ကကြမ်းပြင် က အာသာငမ်းငမ်းမထိတွေ့နိုင်
လောက်အောင် မထိတထိနှင့် ဖွဖွလှမ်းလျှောက်သည်။ သူရာကန်စက် အာဏာအပြည့်မဖြန့်
ကျက်နိုင်သော အခန်းငယ်ထဲ ရှေ့တော်ပြေး နေခြည်နွေးသာ သူ့ပုံရိပ်ပါးကို ခြောင်းမြောင်းကြည့်ရှုခွင့်ရနေ၏။
"ဘာလိုလို့လဲ သော်... "
အပြုံးကြည်ကြည် ၊ လေသံ အေးအေး နှင့် အမှတ်တမဲ့ရလိုက်သော သင်းမြမြရနံ့ကြောင့်
ŞİMDİ OKUDUĞUN
RomantizmColourful love Family Drama Unicode + Zawgyi