A/N ဤအပိုင်းတွင် ပါဝင်သော ငွေခြူး
ဒိုင်ယာလော့ဒ်များမှ မရင့်ကျက်မှုများ
ကြောင့် စာဖတ်သူတို့ စိတ်အနှောင့်အ
ယှက်ဖြစ်ခဲ့သည် ရှိသော် မည်သူတစ်
ဦးတစ်ယောက်ကိုမျှ နစ်နာစေလိုသော
စိတ်ဆန္ဒမရှိဘဲ Character၏ ရုပ်လုံး
ဖော်မှု သက်သက်သာဖြစ်ကြောင်းရိုးသားစွာဝန်ခံပါသည်။၂၀၁၆ ၊ မတ်
အိမ်ထဲဝင်ရန်ပြင်မိသော ခြေလှမ်းကို ချက်ချင်းအနားသတ်လိုက်ရသည်။
ဆင်ဝင်အောင်တွင်သာ ရပ်ရင်းဧည့်ခန်းကျယ်ထဲမှ လွင့်လာသော မီးပွါးများလို
ဒေါသစကားလုံးပူပူပြင်းပြင်းများကို အသာ နားစွံမိ၏။"ပါးပါး မကြိုက်လည်း မတတ်နိုင်ဘူး။ ပါးပါးတောင် မီး မကြိုက်တာတွေ
လုပ်နေသေးတာပဲ""မကြိုက်ရအောင် ငါ့မိန်းမက နင့်ကို ဘာလုပ်နေလို့လဲ၊ နင့်ကို ဘာတွေထိခိုက်အောင် လုပ်နေပြောနေလို့လဲ"
"ဒါဆို မီးအလုပ်တွေကရော ပါးပါးတို့ကို ဘာတွေထိခိုက်နေလို့လဲ ၊ မီး nude modelလုပ်နေတာလဲ မဟုတ်ဘူး"
"နင့် အရွယ်လေးနဲ့ လုပ်ရတဲ့ ကိစ္စတွေမဟုတ်ဘူး ။ ကျောင်းတက်ရမယ့် အရွယ်
နင့်အမေဆီမပြန်ချင်ရင်
ငါ ခိုင်းတာလုပ် သာသာ၊ငါ့ အိမ်မှာနေရင် ငါ့ စည်းကမ်းလိုက်နာ ၊ ရောက်ရောက်ချင်းလွှတ်ထားတာက ကျောင်းအတွက် မစီစဉ်ရသေးလို့။ အေးအခု ငါ နင့်အတွက် အတန်းတွေစီစဉ်ပြီးပြီ၊ ဒီမှာ မော်ဒယ်ယောင်ယောင် ဘာယောင်ယောင်တွေ
လုပ်နေမယ့်အစား ကျောင်းသေချာ
တက်စမ်း""မီး လုပ်နေတာတွေ ခဏစောင့်ကြည့်ပေးပါဦးလား ၊ မီး ဘဝအတွက် ဘာplan မှ မရှိဘူးထင်လို့လားပါးပါးက"
"ဘာလဲ နင့် plan က တစ်နေကုန် ကားတစ်စီးနဲ့ လျှောက်လိမ့်နေတဲ့ plan လား ။ နင် အခု ခေါ်ထားတဲ့ဒါရိုက်ဘာလည်း
ဖြုတ်""what! သူက အဆင်ပြေတယ်လေ၊ လမ်းတွေလည်းသိတယ်။ ကားတစ်ခုခု
ဖြစ်ရင်း တော်ရုံဆို သူပဲပြင်တာ""အသက် ဘယ်လောက်မှမကွာတဲ့ ယောကျာ်းလေးတစ်ယောက်ကို ငါ့ သမီးပျိုနဲ့တစ်နေကုန်လျှောက်သွားနေ
ခွင့်ပြုရအောင် ငါ မတုံးဘူး သာသာ၊ ငါတို့အမျိုးထဲ အိမ်က အလုပ်သမားနဲ့
လိုက်ပြေးတဲ့ ရာဇဝင်မကျန်ချင်ဘူး"
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi