အပိုင်း ၅၀
41.3K 4.9K 405
၂၀၁၉ ၊ မေ ၊ ရန်ကုန်
"ဂျာချုပ် ! အောက်က ဖုန်းဆက်တယ်
ချိန်းထားတဲ့ Model ရောက်နေပြီတဲ့"
နောက်လစမည့် အိမ်ခြံမြေ အရောင်းပြ
ပွဲ အတွက် ကြော်ငြာထည့်ရန် Model
စီစဉ်ရသည်လည်း ကိုယ်ပင်။
တော်သေး၏။ အဲ့ အသိုင်းအဝိုင်းနှင့်နီး
စပ်သော အငယ် ကူညီ၍သာ Model
ကောင်းရလိုက်သည်။ အသစ်တော့ မ
ဟုတ်။ ကလေးမက ဆယ်ကျော်သက်
အရွယ်တုန်းကတော့ မြန်မာ့ရုပ်ရှင်လော
ကထဲထိ ဝင်ဖူးတာ ထိုင်းနဲ့ တွဲရိုက်တဲ့
ချစ်ကြည်ရေးကားထဲမှာတောင်ပါဖူး
တယ်ပြောတယ်။  နောက်တော့
သူတက်ခဲ့တဲ့ အနုပညာကျောင်းကိုပဲ
ပြန်သွားတက်ပြီး အခုမှရန်ကုန်ပြန်
ရောက်လာတာပင်။
ကိုယ်လည်း သူပါခဲ့တဲ့ ရုပ်ရှင် ကို သိသလိုလို မသိသလိုလိုနှင့်အမှုမဲ့ အမှတ်မဲ့ပင်။ ဘုန်းတခေတ်နှင့်ရွယ်တူပေမို့ အ
ရမ်းကြီးတော့ ရင့်နေမှာမဟုတ်။
အောက်ထပ်ဆင်းလာတော့ ဧည့်ကြို
ဝန်ထမ်းလေးသည် ဖျော်ရည်နှစ်ခွက်တင်
ထားသော ဗန်းကိုကိုင်ကာ ဧည့်ခန်းထဲ
အရင်ဝင်သွားသည်။ ကလေးမကအဖော်
ခေါ်လာပုံပဲ။
ပြန်ထွက်လာသော ဧည့်ကြိုကလေးမ
"Head လည်းပါတယ်" ဟူသော ရှေ့
ပြေးစကားကြောင့်သာ မြင်မြင်ချင်းတွေ့
လိုက်ရသည့် မြင်ကွင်းကို shockမရတာ
ပင်။
အခန်းထဲဝင်လာသည့် ကျွန်တော့်ကိုနှစ်
ယောက်လုံးက မတ်တပ်ထရပ်နှုတ်ဆက်
သော်လည်း လုပ်ရိုးလုပ်စဉ်ဆန်စွာပင်
ကျွန်တော်ပြန်မနှုတ်ဆက်နိုင်ပါ။
သူသည် အသွင်ပြောင်းလဲခြင်းမရှိသော်
လည်းမိန်းမလှလေးတစ်ဦးဘေးတွင်ရပ်
နေစဉ်တွင် တစ်ခါမှမမြင်ခဲ့ဖူးသလို ဟန်
ပန်ဖြင့်ပင် ပြုံးပြလာခဲ့သည်။
"မင်္ဂလာပါ ။ ညီမက ဘုန်းတခေတ်သူ
ငယ်ချင်း ငွေခြူးသံသာပါ"
ကောင်မလေးမှ အရင်စနှုတ်ဆက်ရသည့်
အဖြစ်။
"ဟုတ်ကဲ့ ။ ထိုင်ပါ " ဟူသော နှုတ်ထွက်
စကားက ပရိုဂရမ်ထည့်ထားပြီးသော
စက်ရုပ်တစ်ရုပ်မှ ထွက်လာသံလိုပင်။
"ညီမက မနေ့ကမှ ပြန်ရောက်တာ။ အဲ့ဒါကို တခေတ်က  ဖုန်းဆက်ပြီး လုပ်ပေး
ဆိုပြီး ဂျီတိုက်တာနဲ့...တော်သေးတယ်
ကိုကို ကလည်း သူလည်း ဒီမှာ Audit
ဝင်ဖူးတယ်။ လိုက်ပို့ပေးမယ် ဆိုလို့
လာရတာ အဆင်ပြေသွားတာ"