အပိုင်း ၃
၁၉၉၉ ၊ ဒီဇင်ဘာ ၂၀
"မေမေ ကိုမင်းက နိုင်ငံခြားကိုသွားပြီး စမ်းသပ်ကြည့်ချင်တယ်လို့ပြောနေပြီ။ သွားတာနဲ့ ခေတ် ဆေးတွေသောက်နေတဲ့ ကိစ္စကို သိသွားတော့မှာ...
ဘယ်လိုလုပ်ကြမလဲ မေ၊ မေ ပြောတော့ သားလေးနဲ့ပြန်တွေ့ဖို့ သုံးနှစ်တောင် မကြာဘူးဆို...အခု သုံးနှစ်ထဲဝင်နေပြီ။ ပြီးတော့ ခေတ် ဆေးတွေလည်း ဆက်မသောက်ချင်တော့ဘူး။ ကိုမင်းကို အားနာလာပြီ။ သူက ကလေးသိပ်လိုချင်ရှာနေတာ"
"မေလည်း မခေါ်ချင်လို့ မခေါ်တာမှ မဟုတ်တာ ခေတ်။ အချိန်ကောင်းကို စောင့်နေတာပဲလေ။ မောင်မင်းလှိုင်ဘက်က ကလေးလိုချင်စိတ်ပြင်းပြလာမယ့် အချိန်ကို စောင့်နေတာ"
"သူက ကလေးလိုချင်နေရှာတာမှ တစ်ပိုင်းသေနေပြီ မေရယ်...ခေတ်နဲ့တူတဲ့ သားလေး
တစ်ယောက်လိုချင်လိုက်တာလို့ သတိရတိုင်းပြောနေတော့တာပဲ၊ ခေတ် သူ့ကို အားနာလာပြီ၊"
ခေတ်စကားကြားကြားချင်း မေက ရယ်သည်။ မေ့ရယ်သံသည် စစ်နိုင်အောင်သူတစ်ယောက်လို ဝင့်ဝင့်
ကြွားကြွားရယ်...
ဘုရားရင်ပြင်ကို ရောက်နေပေမယ့်လည်း အေးချမ်းမှုတစ်စုံတစ်ရာပင် ရှာလို့မတွေ့နိုင်သော အမေဖြစ်သူကို ခေတ်သဇင် စိတ်မောစွာ ငဲ့ကြည့်မိသည်။ ဆည်းလည်းသံတချွင်ချွင်နှင့် သာယာအေးချမ်းနေသော စေတီတော်ကို မော့ဖူးနေရင်းမှ ဆို့နင့်စွာ မျက်ရည်က ကျလာပြန်သည်။ ဒီလိုနေ့မျိုးက ခေတ်အတွက် သီးသန့်လူပြည့်က ငရဲခန်းလိုပင်။ အခုထိ ဓာတ်ပုံလေးတွေကိုတောင်ခိုးချောင်ခိုးဝှက်ကြည့်နေရသော သားငယ်လေးရဲ့ မွေးနေ့ဖြစ်သလိုတစ်ဖက်မှာလည်းမွေးမွေးပြီးချင်းဆုံးပါးသွားရှာသော သားကြီး၏ နှစ်ပတ်လည်။မေ့သားလေးတွေ မွေးကတည်းက မေ့အမှားတွေကို ငဲ့ယူဆပ်ပေးနေရရှာတာ ။ မျက်ရည်မထိန်းနိုင်စွာ ငိုကြွေးရင်းမျက်နှာလေးပင်မမြင်လိုက်ရသော သားကြီးအတွက် အမျှဝေမိသည်။
"နှစ်လည်း ကြာနေပြီ ခေတ်။ စိတ်ညစ်စရာတွေ တွေးမနေနဲ့တော့။ မေ တို့စီစဉ်ထားတဲ့ အတိုင်းဖြစ်လာဖို့ နီးနေပါပြီ။ ကဲ ထတော့ ၊ သူ အိမ်ပြန်မရောက်ခင် ကြိုပြန်ထားရအောင်။ စိတ်ချ ဒီနေ့ကစပြီး နားသွင်းကြည့်ကြတာပေါ့"
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi