ဇန်နဝါရီ ၊ ၂၀၂၀ ၊ စင်္ကာပူ
အလင်းမှိန်မှိန်သာ ရှိနေသောအခန်းထဲ
သို့ လိုက်ကာတွေကြားမှ ထွင်းဖောက်
လာသော နေခြည်နွေးနွေး။
လေအေးပေးစက်၏ အအေးဓာတ်လွှမ်း
ကခြုံနေ၍ လှိုဏ်ဂူတစ်ခုတည်းရောက်
နေသလိုလိုခံစားရသည်။
အဖြူရောင်အထပ်ထပ်ဖြစ်နေသော
စောင်ပုံထဲတွင်တော့ ရင်ခွင်ထဲ ပုဝင်နေ
သော ကျွန်တော့်၏ လူသားအေးရိပ်လေး
ဝါဂွမ်းဆိုင်ထဲနစ်ဝင်နေသော ကြောင်ဖြူ
ပေါက်စလေးလိုပဲ။ အစဉ်ကို နူးညံ့နေ
ပါရောလား။
တိတ်ဆိတ်နေသော အခန်းထဲ ကျွန်
တော်တစ်ယောက်တည်း သက်ရှိဖြစ်
တည်ခြင်းကိုဝမ်းမြောက်မိသည်။ဤအလှ
တစ်ပါးကို ကျွန်တော်တစ်ယောက်တည်း
မြင်တွေ့ခွင့်ရတာ။ နဖူးပြင်ကိုဖွဖွနမ်းမွှေး
ရင်း အစ်ကို့ကို သေချာမမြင်ရသလို
ဖြစ်နေ၍ ဘေးမှရီမုတ်ကိုစမ်းရတော့
သည်။ တဖြည်းဖြည်းဖယ်ခွာသွားသော
လိုက်ကာနှင့်အတူ နေရောင်နွေးနွေး
သည်လည်း ခုတင်နေရာထိ ရောက်လာ
သည်။ မကြာလိုက် ။ ကျွန်တော်၏
ကြောင်ဖြူဆန်သော လူသားလေးသည်
နေရောင်ကို ခံစားမိသည်နှင့် ရင်ခွင်ထဲမှလူးလွန့်တွန့်ကွေးလာသည်။"နိုးပြီလား"
လေသံလေးတစ်ခု မပီဝိုးတဝါးပြုရင်း
ခါးကိုဖက်ကာ စောင်ပုံထဲမှနေ၍ တိုးခွေ့
သည်။ သူကတော့ အိပ်ရေးမဝသေး၍
ထိုသို့ပြုမူလိုက်တာပဲ။ ကိုယ်က ဒီမှာ
မထတမ်းထပ်အိပ်ချင်မိတော့သည်။
သို့သော် အဆင်မပြေ။ မနေ့က တစ်နေ့
လုံး ဘာမှမစားမသောက်ထားတာ။ အစ်
ကို ဗိုက်ဆာနေလိမ့်မည်။ နောက်ပြီး
ဆေးတိုက်သင့် တိုက်ရမည်။"အစ်ကို ထပါလား။ မနက်စာ စား။ ဆေး
သောက်ပြီးမှ ပြန်အိပ်ချင်အိပ်လေ"ဘယ်တော့မဆို ကျွန်တော့်ထက်ပိုကာ
နိုးနိုးကြားကြားရှိတတ်သူသည် အခုအခါ
တွင်တော့ ငိုသံစွတ်ညည်းညူသံတိုးတိုး
ဖြင့် ငြင်းဆိုသည်။ သဘောက သူလုံးဝ
အိပ်ရေးမဝသေး၍ သူ့ကိုမနှောင့်ယှက်ပါ
နှင့် ဆိုသည်မျိုး။
မရဘူးလေ။ ခုတင် နေမြင့်နေပြီ။ တစ်နေ
ကုန် အိပ်နေလို့မှ အားမဖြစ်ဘဲ။
မနေ့ညက မအိပ်ရတာတော့ မအိပ်ရ
တာပေါ့။ ဟုတ်ပါသည်။ ဝိုင်မူး၍ ရစ်ထွေ
ထွေ ဖြစ်နေသည့်တိုင် သူ့ကို ကျွန်တော်
အိပ်မောမကျသွားစေရန် နည်းလမ်းမျိုး
စုံသုံးခဲ့တာပင်။ ရှက်တာနဲ့ ရောပြီး သူ
အဲ့လို အမူးမူးအကွဲကွဲဖြစ်ပြီး အိပ်ပျော်
သွားတာမျိုးကို ကျွန်တော်မကြိုက်။
သူ ကျွန်တော့်ကိုသာ အပြည့်အဝခံစား
စေချင်သည်။ ဒါသည်က ကျွန်တော့်၏
ကြောက်ဖို့ကောင်းသည့် အတ္တဟုပင်ဆို
ဆို...ကျွန်တော်က သူ၏ အသိ သတိ
အားလုံးကို ခုံမင်စွာ ခံစားချင်သေးသည်။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi