အပိုင်း ၂၄
51.5K 5.3K 382
၂၀၁၆ ၊ ဧပြီ
အိုက်စပ်စပ်ဖြစ်နေတတ်သော သင်္ကြန်
ကုန်စ နွေလယ်ညတွေလို ပူမနေ။
နွေရောက်တိုင်း အိပ်ရေးပျက်တတ်မှုကိုလည်း ကျော်လွှားနိုင်
နေသည်မှာ တော်တော်ကြာပြီ။ မှတ်မှတ်
ရ ရ ဆိုပါက အစ်ကို့စာမေးပွဲ အကြောင်း
ပြချက်ဖြင့် အစ်ကို့ကို ကျွန်တော်နဲ့ အတူ
အိမ်ရှေ့မှာ လာအိပ်စေခြင်းက စတာပင်။
တစ်ယောက်တည်း အိပ်တုန်းကတောင်
ပူလွန်း၍ အိပ်မပျော်ခဲ့တာ။ ခုတော့...
နှစ်ယောက်အိပ်တာကို ဘာလို့များနှစ်
နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ရတာလဲဟူ
သော အကြောင်းပြချက်က ရှိနေခဲ့၏။
မူမမှန်သော အေးမြမှုတစ်ခုကြောင့် နိုးထလာရသည်။ ဖွင့်လိုက်သော မျက်တောင်
ဖျားများကို ထိတွေ့လာသော လေအေး
အေးလေး။ ထို့နောက်တွင်တော့ လေ
ထက် ပို၍ အေးမြစေသော မျက်နှာနုနု။
"အစ်ကို မအိပ်ဘဲ ဘာလုပ်နေတာလဲ"
အညာယပ်တိုင် ကြီးကြီးကို ကျော
ပြင်သေးသေးလေးနောက်ဖွတ်လိုက်သူ။
"အစ်ကိုရာ..."
ဝေဟင်သည် ကျွန်တော့်ကို သတ်လိုက်
ပြန်ပါ၏။ မအိပ်ဘဲနဲ့များ ကျွန်တော့်ကို
ယပ်ခပ်ပေးနေတယ်တဲ့လား။
ကျွန်တော် ပြုံးကြည့်တော့ ရှက်ရှာပါ၏။
ဝေဟင်သည် ကျွန်တော့်ကို ယနေ့အထိ
ချစ်တယ် ဟူသော နှုတ်ထွက်စကားကို
မပြောခဲ့ပါ။ ကျွန်တော်ကသာ အနမ်း
တိုင်းကို ရှက်ကြောဖြတ်ကာ စတင်ရ
သည်။ အစ်ကို့ဆီမှ ဆတူ တုံ့ပြန်မှုကို
မမျှော်လင့်နှင့်။ ဘယ်သောအခါမှမရ
ဒါတွေအတွက်နဲ့ အစ်ကိုက ကျွန်တော့်
ကို မချစ်ဖူးရယ်လို့များ မယိုးစွပ်ရဲ။ အခု
လို အမူအကျင့်လေးများနှင့်ပင် မထင်
မှတ်သော ထောင့်များစွာကနေ အသေ
သတ်တတ်၏။ ခုလည်းကြည့်။
"ဘာလို့ မအိပ်ဘဲနဲ့များ ကျွန်တော့်ကို
ယပ်ခပ်ပေးနေရတာလဲ။ အရင်နေ့တွေ
တည်းက မပူဘူး မှတ်နေတာ။ ညဖက်
မအိပ် မနက်ဖက်ကျလည်း ကျွန်တော့်
အရင်ထနဲ့။ ခင်ဗျားက စက်ရုပ်ကြီးလား"
"သော် ချွေးတွေ ထွက်နေတာနဲ့...သော်
က ကားမောင်းနေရတာလေ။ညဖက်
အိပ်ရေးပျက်လို့ မဖြစ်ဘူးမလား"