အပိုင်း ၅
54.8K 5.5K 186
အပိုင်း ၅
၂၀၁၅၊ နိုဝင်ဘာလ
နာကျင်မှု၏ အစွန်းစွံဆုံးရောက်သွားသည်ထင်။ ဝေ အော်ဟစ်ရန်ပင် အသံပျောက်သွားရတော့သည်။
ဝေအားလုံးအရှုံးပေးရတော့မှာလား။ ဝေ့ ဘဝ...
ဝေ့ကို အုပ်မိုးထားသော ကိုဖြိုးတစ်ယောက် "အား" ခနဲ အော်လျက် လဲကျသွား၏။ ဝေ တွေ့နေရသော
မြင်ကွင်းက တကယ်ထိတ်လန့်စရာပါ။ ခက်ထန်တင်းမာနေသော မျက်နှာနှင့် ကောင်ငယ်လေး
တစ်ယောက်သည် ကိုဖြိုးကို ထိုးကြိတ်ကန်ကြောက်နေပုံမှာ မကောင်းဆိုးဝါးဝင်ပူးထားသည့်အတိုင်း။
ဘာမှပြန်မလုပ်နိုင်သော ကိုဖြိုးတစ်ယောက်မှာ မျက်နှာပြင်တစ်ခုလုံးသွေးအလိမ်းလိမ်းနှင့်။
"တော်ပါတော့။ တော်ပါတော့။ သူသေသွားလိမ့်မယ်"
ဝေ့မှာ အဝတ်ဖရိုဖရဲနှင့်ပင် သူ့ကို ဝင်ဆွဲရသည်။
"တော်ပါတော့...ဝေတောင်းပန်ပါတယ် နော်။ မင်း လူသတ်မိလိမ့်မယ်"
လက်မောင်းတစ်ဖက်ကို ဖက်တွယ်လျက် တားဆီးကာမှ ဝေ့ကို ပြန်ကြည့်ဖော်ရသည်။ ရဲတောက်နေသော
မျက်ဝန်း အစုံမှ စီးကျလာသော အရည်ကြည်တစ်စ။ ထိတ်လန့်တုန်ယင်နေရာမှ ထိုမျက်ရည်သည်
ဘယ်သူ့အတွက်ကျသည့် မျက်ရည်လဲဟု ဝေ အသည်းအသန်စဉ်းစားမိလိုက်သေး၏။ သူ့အောက်မှ
ကိုဖြိုးမှာသွေးအလိမ်းလိမ်းနှင့် မလှုပ်တော့
"စိတ်လျှော့ပါတော့နော်"
မျက်ရည်များကြား သူ့ကို တစ်ဖန်ပြန်လည် ဖြေသိမ့်ပေးနေသော ဝေ့ကိုကြည့်သည်။ ချက်ချင်းဆိုသလို ဝေ့
လက်ကိုဆွဲလျက် အိမ်ထဲမှ ခေါ်ထုတ်သည်။ ငိုရင်းလိုက်လာရသည်။ သူဘယ်ကို ခေါ်သွားမည်လဲ ဝေ မမေးဖြစ်။
ကြယ်သီးတွေပြုတ်နေသော ရှပ်အကျီ င်္ပါးကို လက်တစ်ဖက်နှင့် ဆွဲစုကိုင်ရင်း သူခေါ်ရာနောက် ဒရွတ်တိုက်
လိုက်လာမိသည်။ ဘယ်ကို ခေါ်သွားတာလဲ။ ဖေကြီးဆီကိုလား။ ဒီ ပုံစံ ဒီလို အဓမ္မပြုကျင့်ဖို့ကြံစည်ခြင်းမှ