အပိုင်း ၂၇
49.4K 4.8K 141
၂၀၁၆ ၊ မေလ
နေ့ရက်တိုင်းက သာယာအေးငြိမ်းလှ၏။
ကိုယ်ပိုင်ကမ္ဘာတွင် အစ်ကို့၏ အေးမြမြကိုယ်သင်းနံ့၊ ကြည်သာသော စကားသံ၊
ခွန်းစစ အကြည့်၊ ဖွယ်ရာသော ဟင်း
ချက် လက်ရာ ၊ ငြိမ်းအေးသော အိပ်ရာ
ဝင် မေတ္တာပို့ဓမ္မတေးနှင့်တတ်ခါစ
ဖြစ်သော သူ၏ဂီတခတ်သံ တို့ဖြင့် အလှဆင်ထားသည်။
ကိုယ်စီကိုယ်စီသေ အဖေတွေကို
လည်း အပြန်အလှန်အလဲအလှယ်ဖြင့်
ဖုန်းဆက်ခြင်းဖြင့် မိဘ၏ တားမြစ်ချက်
တွေကိုလည်း တစ်ခါတည်း အပြီးသတ်
ထားလိုက်သည်။ ညွှန်းချက်တွေကြမ်း
လို့လား မသိ။ ရန်ကုန်က အသက်ရှု
ကျပ်စေတယ်ဟူသောအဖေသည် အစ်
ကို့ ကို တွေ့ကြည့်ချင်လာပြီဟု ဖွင့်ဟ
ဖူးသည်။ ဆက်ဆံရေးအမှန်ကို အစ်ကို
က မပြောစေချင်သော်ငှား ကျွန်တော်
ကတော့ဖြင့် ကျွန်တော်အချစ်ဆုံးအစ်ကို
ဟူ၍ နှစ်ဖက်ခွအဓိပ္ပါယ်နှင့် ပြောပြထား
ပြီးပြီဖြစ်သည်။  သို့သော် ပါးနပ်သော
အဖေကတော့ဖြင့် ကျွန်တော့်ဆိုလိုချင်
သော သဘောကို ရိပ်ဖမ်းသံဖမ်းရှိ၏။
အစက မတူရင် မတန်ရင် စသည်ဖြင့်
ပစ်ပယ်ခံရမှာစိုးနေသူသည် ခုတော့ဖြင့်
အဖေ့ကို သာကြောင်းမာကြောင်း မေး
မြန်းစိုးရိမ်နေတတ်၏။ လိမ္မာယဉ်ကျေး
သူကို အဖေကတော့ ပညာရှိဆန်စွာ
ပြန်မရိုင်းပါ။ တစ်နည်းဆိုလျှင် လူဝတ်
ကြောင်ကိုပင် စွန့်ခွာချင်နေသော သူ့
စိတ်အခံကြောင့်လည်း ဖြစ်ပါလိမ့်မည်။
သူတစ်ပါးသားဦးကို ပညာရေးတစ်ပိုင်း
တစ်စ ဖြစ်စေခြင်းကို အားနာမဆုံးဖြစ်
နေသော အစ်ကိုကတော့
"မြတ်နိုးသော် ဘွဲ့ရဖို့အတွက် စိတ်မပူ
ပါနဲ့ ဖေကြီး" ဆိုပြီး ယောကျာ်းကတိ
ခပ်တည်တည်နှင့် ပေး၏။ ကျွန်တော်
အသည်းယားစွာ အကြင်နာဝေရတော့
သည်။ ဖုန်းခေါ်လက်စဖြစ်နေသော်လည်း
မတတ်နိုင်။ အစ်ကိုကတော့ စပီကာထဲ
အသံတွေ မဝင်အောင် လက်တစ်ဖက်
နှင့် ပိတ်နေလေရဲ့။
ကိုယ့်အနောက်နန်းဆောင် သလွန်မှာ
မို့ ဘယ်သူ မှ မမြင်နိုင်ပေမဲ့ ဖုန်းထဲက
အဖေ့ကို ရှက်နေသေးသဖြင့် အတင်း
ရှောင်ဖယ်နေတော့သည်။
ဖုန်းပိတ်လိုက်သည်နှင့် ကျွန်တော့်၏ အဆုံးပိတ်အကြင်နာအဖြစ် ပါးပြင်မွှေးမွှေး
အေးအေးကို ရွှတ်ခနဲမြည်အောင်
နမ်းမွှေးပြီးမှ အဖေ့စကားကိုမေး
ဖြစ်သည်။