အပိုင်း ၃၃
38K 4.8K 377
၂၀၁၆ ၊ ဇူလိုင် ၊ ရန်ကုန်
"မင်းကို ဘယ်နှစ်ခါပြောရမလဲ သွား
သွားကွာ မိုးကသည်းနေလို့ စိတ်ညစ်
နေရတဲ့ ကြားထဲ"
ကောင်တာမှ လှည့်ထွက်မည့်လူကြီး၏
ကော်လံစကို နောက်မှလှမ်းဆွဲမိသည်။
"ဟေ့ကောင် လွှတ်စမ်းမင်း ကို ငါ
ဘယ်နှစ်ခါပြောရမလဲ။ မင်း လူလိုနားမလည်ဘူးလား"
"သူ ခင်ဗျားတို့ ကားကိုလက်မှတ်ဖြတ်
ခဲ့တာ။ အဲ့ဒါကို ခင်ဗျားတို့ မသိဘူး
ဘူးခံငြင်းလို့ရမလားဗျ"
"ဟေ့ကောင် လွှတ်စမ်း။ ငါ လုပ်လိုက်ရ
တစ်ချက်စာပဲရှိ"
"ဘာဖြစ်တာလဲ ကိုမင်း"
အရေးပါအရာရောက်ပုံရသော လူကြီး
တစ်ယောက်သည် အချင်းများနေရာသို့
စူးစမ်းဟန်ထက်ပိုဟန်ဖြင့်ရောက်လာ
သည်။
"ဘာအကူအညီပေးရမလဲ ညီလေး"
"ဒီကောင်ဗျာ...ဒီလိုလာလုပ်နေတာတစ်
ရက်နှစ်ရက် မကတော့ဘူး"
ရန်စွယ်တငေါငေါဖြင့် ဖြစ်နေသော
ဝန်ထမ်းကို လက်ကာပြရင်း လက်သီး
ကျစ်ကျစ်ပါအောင် ဆုပ်ထားသော
ကောင်လေးကိုသာ ပြုံးပြလိုက်သည်။
"အစ်ကို့တို့ ဘာကူညီပေးလို့ရလဲ ညီ
လေး"
"၂၃ရက်နေ့က မြင်းခြံကားဂိတ်ကနေ
နေ့လယ်၁၂နာရီကားကို လက်မှတ်ဖြတ်
ထားတဲ့ တစ်ယောက်ပါ မလာဘူးဆိုတာ
သေချာလား သိချင်လို့ပါ"
"ကျွန်တော်ရှာပေးပြီးပြီ ဆရာ။ လက်မှတ်
က ဖြတ်ထားတယ် လူက မပါလာဘူး
ဆရာ"
"သေချာလား"
"ဟုတ်တယ် ။ အဲ့နေ့က လမ်းကဖြတ်
တက်တဲ့ လူလည်းမရှိဘူး။ အဲ့ဒါကို သူက
နေ့တိုင်း လာပြီး ပြဿနာရှာနေတာ
မိုးကြီးလေကြီးထဲ ရောက်ရောက်လာပြီး
ဒါ များ ဖြစ်နေလားမသိ"
နားထင်ကို လက်ညှိုးနဲ့မသိမသာထိုးပြ
လိုက်သော်လည်း မြင်လိုက်ရသည်။
"ကျွန်တော် မရူးဘူး!"
အော်ဟစ်ရင်းမှ ဆွဲထိုးမိတော့မည်တွင်
သိုင်းဖက်ခြင်းဖြင့် ရပ်တန့်ခံလိုက်ရ၏။