အပိုင်း ၄၆
37K 4.6K 386
၂၀၁၉ ၊ ဧပြီ ၊ ငွေဆောင်ကမ်းခြေ
အဖြူရောင်အခန်းဝရှေ့ ခေါက်တုံ့လှည့်။
ခြေအေး၍ ဝမ်းရောင်တော့ မတတ်။
မနက်အလင်း နေမင်းအဆင်းသဏ္ဌာန်
မမြင်ရခင်တည်းက ရောက်နေသည့်တိုင်
အခုဆို နေထွက်ချိန်ဆိုတာမျိုးကျော်လွန်
နေပြီ။ အခုထိ...
သိက္ခာ ၊ စည်းမျဉ်း ၊ လောကဝတ် နှင့်
နီတိ အရာအားလုံးကို တစ်ဖက်မှတင်
ထားတာတောင် သူရှိနေသော ဖက်ကို
ချိန်ခွင်လျှာ တန်းလန်းထွက်နေဆဲ။ ထို့
အတွက် ကျွန်တော့်ရှက်ခြင်းတရားနှင့်
ပြန်လည်ဆယ်မသည့်တိုင် သူ၏ ထိန်း
ပေးမည် ဆိုသော ကတိစကားဖြင့် ဒွိဟ
စိတ်ဝင်သည်။ ဒီလိုဆို နှလုံးသားအလို
လိုက်ကွာ ဆိုတော့လည်း သူ့ထံပါးတွင်
နှလုံးသားမထားနိုင်။ နှလုံးသားလို့ပင်
သုံးသင့်ပါစ။ တံခါးခေါက်မည့်အခိုက်အတန့်ဒါဇင်တိုင်မြောက်တွင် အလိုလိုပွင့်
လာသော တံခါးချပ်။
"ဟော" ဟူသော အံ့သြသံ။ ဝိုင်းစက်နေ
သော မျက်လုံးတွင် အံ့သြခြင်းရှိနေလျက်
ခပ်ပါးပါး နှုတ်ခမ်းထက်တွင်မှာကား
ကျေနပ်အပြုံးသန်းသန်းလေး။ ရေစက်
လက်ကျနေသော ခေါင်းနှင့် အစိုဓာတ်
ပြည့်နေသော မျက်နှာကို စေ့စေ့မကြည့်
နိုင်သေးသည့်တိုင် ကျွန်တော့်မှာဖြင့်
လူမိသွားသည့် သူခိုးပေါက်စလေးပမာ
ကတုန်ကယင်။
" ဂျာချုပ် ဘာကိစ္စရှိလို့လဲ...အထဲဝင်
လေ"
ဖိတ်ခေါ်သည့်တိုင် မဝင်ဖြစ်။ ထိုအခါ
အခန်းတံခါးကို အပြည့်ဖွင့်ပေးသည်။
တွန့်နေသော အိပ်ရာခင်းတစ်စကိုမြင်
တော့ ရှက်သွေးကြွလာမိတာ ဘာ
ကြောင့်လဲ။
သူကတော့ ရပ်ကြည့်နေရင်းမှ မေးပြီး
သား စကားကိုသာ ထပ်မေးသည်။
"ဘာကိစ္စရှိလို့လဲ"
ဟုတ်ပါသည်။ သူတောင် ဟန်မပျက်ခေါ်
နေပြောနေနိုင်သေးတာပဲလေ။
"မနက်စာ စားမလားတဲ့...အတူတူ"
အားတင်းသည့်တိုင် စကားများက အဆီ
အငေါ်မတည့်။
"ဘယ်သူက မေးခိုင်းတာလဲ သားက
လား"
"ကျွန်တော်..."