နေ့တစ်ဝက်ပြန်လာမယ် ဆိုတည်းက
ဘယ်လောက်တောင် ပျော်ရှာလည်းမသိ။
အတူလက်ဆုံစားဖြစ်ခဲနေတာကြာပြီ
ဖြစ်သော နေ့လယ်စာ ထမင်းအတွက်
ဖွယ်ဖွယ်ရာရာ စုံစုံလင်လင်ဆိုသည်မျိုး
ပြင်ဆင်ထားသေးသည်။သီးစုံ အရသာနှင့် မန်ကျဉ်းအနှစ်နံ့သင်း
မွှေးနေသော ဘဲဥသီးစုံချဉ်ရည်သည်နွေ
ရာသီ နှင့်တော့ လိုက်လိုက်ဖက်ဖက်ရှိ
လှ၏။ မွမွလေးဖြစ်လျက် အငန်ပေါ့နေ
သော ငနီတူငါးခြောက်ကြော်စပ်စပ်နှင့်
မို့ စားကောင်းကောင်းနဲ့စားတာ...ဘယ်နှစ်ပန်းကန်တွေ ဘာတွေမသိတော့
ဘဲ စားလည်းပြီးရော မြွေကြီးအစာနင်
သလို အိမ်ရှေ့မယ် ဆန့်ဆန့်ကြီးဖြစ်နေ
ရော..."အား ဗိုက်တင်းနေပြီ။ အား!"
ကိုယ့်ဗိုက်ကိုယ်ဖိကာ အော်နေသော
ကျွန်တော့်နား လာထိုင်လျက် ခပ်ဖွဖွရယ်
နေသည်။ သူကတော့ဖြင့် ငှက်မွှေးတောင်
ဖြူပေါ့ပေါ့လေးလို လွင့်လွင့်မျောမျောနှင့်
ကျွန်တော့်မှာသာ ဗိုက်ပေါက်ထွက်မ
တတ်။"သော်က တစ်ခါတည်းနဲ့ အများကြီးစား
တာကိုး""မသိဘူးဗျာ..."
တကယ်မပြောချင်။ ရှက်တာလည်းပါမည်
ဗိုက်ဆာတာရော။ နေ့လယ်ခင်းတွေမှာ
အိမ်ထမင်းငတ်တာကြာနေတာ တွေ
ပေါင်းနေသူကို သူ့လက်ရာနဲ့ပါ အသေသတ်လိုက်တာ။ ဒီအချိန် အဆိပ်ခပ်ထားရင်တောင် မသိလိုက်ဘဲ ဘဝတစ်ပါးကို
ူစားရင်းသောက်ရင်း အေးအေးဆေးဆေး
ကူးနိုင်တယ်။"အစာကြေဆေး သောက်ထားပါလား။
ညနေ ထပ်မစားနိုင်ဘဲ ဖြစ်နေမှာစိုးလို့""အစ်ကိုက ဗျာ..."
"အယ် ဝေက စေတနာနဲ့ပြောတာ...
ဝေ ချက်ကျွေးတာတွေစားပြီး သော်အခုလို ဖြစ်နေတော့..."စိုးရိမ် ချိန်ထဲ ပီတိချင်တွယ်ထည့်ကာ ပုလဲလုံးတွေကို သံစဉ်ကြိုးတပ်လျက် နှုတ်ခမ်းပါးဖြင့် တီးခတ်တော့ နွေအလယ်
သံစဉ်အေးတစ်ခုရသည်။"မရယ်နဲ့တော့ဗျာ..."
ရှက်ဝဲဝဲတားမိရင်းမှ ကလေးမဟုတ်လို့
ရှက်ရင် မငိုတတ်သော်လည်း လူကြီးသေ
ချာဖြစ်သေးပုံမရသော ကျွန်တော်က
ရယ်လည်း ရယ်မနေနိုင်။ အနည်း
ငယ်ကိုက်နေသော မျက်ရိုးနှစ်ဖက်ကို
သာ လက်မနှင့်ဖိနှိပ်ရသည်။ ရယ်နေ
သော သူ့ကို မကြည့်မိစေရန်လည်း
ဖြစ်၏။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi