၂၀၁၉ ၊ ဇန်နဝါရီ ၊ သန်လျင်(star city)
"Aiden...အိပ်ရအောင်လေ"
ရောင်စုံဂျုံလုံးတွေကို နယ်နေရမှ ဆံပင်
လေးတွေ ဖွာခနဲနေအောင် ဝမ်းသာအား
ရလှည့်ကြည့်သည်။ အလုပ်လုပ်နေပြီဆို သူ့ဘာသာသူသာ အရုပ်မျိုးစုံ
နှင့် ဆော့နေတတ်သည်။ သင်ယူမှုနှေး
ကွေးလွန်းနေသော်လည်း Aidenသည်
အလိုက်တသိရှိလှ၏။ နှစ်ယောက်တည်း
ရှိသော အိမ်တွင် ညဖက်မှ အဖေဖြစ်သူ
နဲ့ တွေ့ရသော်လည်း အတင်းကပ်ကာ
ဂျီတွန်မနေ။"ဖေ အလုပ်လုပ်ရဦးမယ်" လို့ပြောလိုက်
ရင်ပဲ အခန်းထဲမှထွက်ပေးကာအိမ်
ရှေ့ ဧည်ခန်းလေးထဲတွင် သွားနေပေး
တတ်သည်။ ခုလည်းသူဆော့နေရာနား သွားထိုင်မှသာရင်ခွင်ထဲဝင်တိုးလာသည်။ ပြန်လည်ဖက်ပေးတော့ လက်က
လေးတွေနဲ့တင်းကျပ်စွာ ထပ်
ဖက်တွယ်လာသည်။
ဒီအရွယ်က ရင်ခွင်မက်သည့်အရွယ်ဆို
တာ သိပေမဲ့ Aidenကို လုံလုံလောက်
လောက်အချိန်မပေးနိုင်။ ဆေးရုံကပြန်
ဆင်းလာပြီးတည်းကကျောင်းတစ်ဖက်
နှင့်မို့ အဲ့အချိန်တည်းက သားအဖေနှစ်
ယောက် ဖက်လဲတကင်းမရှိခဲ့။
ပြောင်းဖူးမွှေးအရောင်နှင့်ကျဲပါးနေသော
ဆံပင်ပျော့များကို ခပ်ဖွဖွပွတ်သပ်ပေး
ပြီးမှ..."ခဏနေ မာမီဖုန်းခေါ်တော့မယ်
ခြေလက်ဆေးရအောင် Aiden..."ဟုပြောတော့ ပေါင်ပေါ်မှလျှောဆင်း
ရင်ခွင်ထဲမှ ရုန်းထွက်သည်။
သူ၏ အပြီးမသတ်နိုင်သေးသောရောင်စုံဂျုံတိရစ္ဆာန်ရုံကို ဒီအတိုင်းမထားခဲ့နိုင်။
နောက်ဆံတင်းနေ၏။"ကဲ ဖေပါအတူတူဆောက်ပေးမယ်
Okလား Aiden"သွားကျဲလေးတွေစေ့ပြီးရယ်ပြသည်။
အဖေလုပ်သူပါဝင်ကူညီ၍လားမသိ ပိုကာသွက်၍ ပျော်နေရှာသည်။"ဖေ ဖေ...မ...No...ဒါ"
ယုန်ရုပ်ကို ပုံနှိပ်ရန် အဝါရောင်ဂျုံကို
သုံးတော့ လက်မခံ။ အဖြူရောင်ဂျုံ
ကို သာသုံးစေ၏။ စာသင်ကြား၍မရ
သော်လည်း Aiden၏ လေ့လာမှတ်သား
မှုဥာဏ်ရည်သည် ယခုနှစ်အတွင်းတ
ဖြည်းဖြည်းတိုးတက်လာတာတွေ့တော့
စိတ်ထဲပီတိလိုလိုခံစားလာရသည်။
VOUS LISEZ
Roman d'amourColourful love Family Drama Unicode + Zawgyi