အပိုင်း ၅၅
40.4K 4.1K 102
၁၉၇၀ ခုနှစ်များ ၊ ပုသိမ်
"မြိုင်လေးပဲ ဖြစ်သင့်မဖြစ်သင့်ဆုံးဖြတ်
ပေးပါ။ ကိုယ် မြိုင်လေးကိုပဲ ယုံကြည်ပါ့
မယ်"
ရေမွှေးနံ့သင်းနေသော စာအိတ်ပန်း
ရောင်လေးကို မဖွင့်ဖတ်ရဲသေးပါ။
နေ့လယ်ကကိုသော်ကိုယ်တိုင် မြိုင့်လက်
ထဲ ပေးခဲ့သော စာချွန်လွှာ။
ကဗျာဆန်ဆန်ပြောပါက ကိုသော့်၏
မေတ္တာသဝဏ်လွှာပေါ့။
တလှပ်လှပ်ခုန်နေသော ရင်ကို ထိန်းဖိ
လျက် ကိုသော့် စကားတွေကို ကြား
ယောင်ရင်းမှ စာအိတ်ကို ဖွင့်ဖတ်ရ
တော့သည်။ ကိုသော်လည်း
မျက်နှာပူတယ် ထင်ပ။ စာအိတ်ပေးပေး
ပြီးချင်း ရှက်ဝဲဝဲနှင့် ပြန်သွားတာပင်။
မပြန်ခင်လည်းပြောသွားသေး။ ကိုယ့်ညီ
မလေး ကို ဒီလိုတွေထိ ဖြစ်စေခဲ့လို့
အားလည်းအားနာပါတယ် တဲ့လေ။
ဒီအစ်ကိုကြီးကတော့လေ...
ရေမွှေးဆွတ်ထားသော စာရွက်အခေါက်
လေးတွင် အရာထင်နေသောဖောင်တိန်
မင်ရောင် ပြာပြာ။ မဖွင့်ရက်အောင်ဖြစ်
သည်အထိ မြိုင် ရင်ခုန်ပါသည်။ ဒီစာကို
ဖတ်ပြီးသည်နှင့် မြိုင်နဲ့ ကိုသော့်ကြားက
ကာလကြာရှည်တည်မြဲခဲ့သော မောင်နှမ
သားချင်း ဆက်ဆံရေးလေးက ပြောင်းလဲ
သွားမှာ။ မြိုင်ဘယ်လိုလုပ်ရမလဲလေ။
ဒီလူကို အသည်းပေါက်မတတ်ချစ်ခင်ခဲ့
ရတဲ့ အချိန်တွေနည်းမှမနည်းခဲ့တာ။ အခု
လို ပြောင်းလဲဖို့ကျ... အို ။
မြိုင်တစ်ယောက် ရင်ဖက်လေးကို ဖိရင်း
မှ ဘယ်သူမှမရှိသော အခန်းထဲကိုပင်
မလုံသလို ဝေ့ကြည့်သည်။ လေအလိုက်
တလွင့်လွင့်ဖြစ်နေသော ဇာလိုက်ကာ
စလေးကပင် မြိုင့်၏ တလှပ်လှပ်ဖြစ်နေ
သော ရင်ခုန်သံအတိုင်း လိုက်ပါစီးမျော
နေသလိုလို။
သေသပ်စွာခေါက်ထားသော စက္ကူချောကို ဖြန့်ကြည့်ရတော့သည်။
တုန်ယင်နေသော ရင်အစုံသည်
လက်ချောင်းထိပ်ဖျားမှ သွေးတို့
အား အေးစက်စေသလို တုန်ယင်စေ
သည်အထိ။ မြိုင်သည် ထိုသူထံ ဤမျှထိ
တိမ်းညွှတ်ရပါ၏။ သို့သော်...မြိုင့်၏
တိမ်းညွှတ်ရာသည် သူ ယိမ်းရာအရပ်
မဟုတ်ခဲ့ပါ။ စာလုံးတစ်လုံးချင်းစီက မြိုင့်
အသည်းကို မွှန်းထစ်နေသလိုပင်။
နောက်ဆုံးစာကြောင်းကို ဖတ်ရချိန်တွင်
တော့ မြိုင့် လောက တမလွန်တွင်
ရွာတည်ပါတော့သည်။