အပိုင်း ၃၄
38.2K 4.7K 269
၂၀၁၉ ၊ ဇန်နဝါရီ ၂၀ ၊ ရန်ကုန်
ဘုရားရင်ပြင်တော်တွင် ဆည်းလည်းသံ
တချွင်ချွင်မှ လွဲ၍ အရာအားလုံး ငြိမ်သိမ်
နေသည်။ ဆောင်းမကုန်သေး၍ မနက်
ခင်း သည် အေးစိမ့်စိမ့် နှင့် မြောက်ပြန်
လေ တသွဲ့သွဲ့။ နှစ်ဆယ့်နှစ်တိုင်သော
ဆီမီးတိုင်သည် ဆီမီးကပ်လှူရာသံစင်
တွင် လေနွဲ့တိုးတိုင်း ယိမ်းယိမ်းနွဲ့နွဲ့။
ငြိမ်းတော့မငြိမ်းသွား။ စန္ဒကူးနံ့သာ
အမွှေးတိုင်တချို့ကို ပူဇော်ပြီးနောက်
တနလာင်္ဂြိုလ်တိုင်တွင် စံပယ်တော်မူ
သော ဗုဒ္ဓဆင်းတုတော်ရှေ့ ရှိခိုးဦးချ
ပြီး သူ့အတွက် ရည်စူးသော
ကုသိုလ်တွေအတွက်လည်း သူ့ကိုထပ်
တူရစေသည်ထက် ပြုသမျှကောင်းမှု
သူသာ အ ပိုင်ရစေချင်သည်။
သူ့မွေးနေ့အမီ ပြန်လာချင်လွန်း၍
ဟိုမှာရှိသော အလုပ်အားလုံးကိုတစ်လလုံးလုံးနေ့မအိပ်ညမအိပ်လုပ်ပြီး အပြတ်
ဖြတ်လာခဲ့ရတာ။
မွေးနေ့ရှင်အတွက်တောင်းဆိုပြုနေစဉ်
နောက်နားဆီမှ အသံတချို့အာရုံထဲ
ဝင်လာသည်။
"ကျား...ဝေါင်း ဝေါင်း"
ကလေးတစ်ယောက်၏ အသံနောက်မှ
ထောက်ခံပြောဆိုသော အသံနွေးနွေး။
"ဟုတ်တယ် ဟုတ်တယ်"
ထိတ်ခနဲဖြစ်သွားသော စိတ်ကြောင့်ချက်
ချင်းလှည့်ကြည့်ချင်သော်ငြား တောင်းဆု
ပြုမှုများကိုမပျက်ချင်၍ မလှည့်ကြည့်ဖြစ်။
သို့သော် အသံများကကြားနေရဆဲ
"ရေချိုးပေးမယ်လေ"
"ဖေ တို့ ဟိုဖက်မှာ ချိုးပေးပြီးပြီလေ
လာ ဖေတို့နောက်ကျတော့မယ်"
"ဟင့်အင်း ချိုးချင်တယ်"
"Aiden...ဘွားတို့ဆီသွားရမယ်လေ...
မပြေးနဲ့ Aiden အန္တရာယ်များတယ်"
"သော်!"
ချက်ချင်းလှည့်ကြည့်သော် ဖြတ်ခနဲမြင်
လိုက်ရသော ကျောပြင် ပြန့်ပြန့်။
စောင်းတန်းဆီသို့ ဦးတည်နေပြီဖြစ်၏။
တလှပ်လှပ်နှင့် အခုန်မြန်လာသောရင်
ကို ဖိကာ ကျောပြင်နောက်သို့ပြေးလိုက်
မိသည်။ ဘုရားရေ...
လှေကားထစ်တွေဆီသို့ မရောက်ခင်
ရှေ့မှနေ၍ ရယ်သံတခစ်ခစ်နှင့်
မြူးတူးနေသော ကောင်လေးကို ပြေးပွေ့
ပြီး လှေကားထစ်တွေကို ခပ်သွက်သွက်
နင်းဖြတ်ဆင်း​နေသော သူ။