၂၀၁၉ ၊ ဧပြီ ၊ ငွေဆောင်
ခွက်ချင်းတိုက်သံ ၊ အခန်းထိလာကာ
ဝန်ဆောင်မှုပေးသော စားပွဲထိုးလေး
အား အမြည်းများမှာခြင်း နှင့် သီချင်း
ရွေးနေသော အသံများသည် ဟိုတယ်ပိုင်
ကာရာအိုကေ ခန်းထဲ ပြန့်လွင့်နေသည်။
မလာချင်ပေမဲ့လည်း ကိုယ့် ဌာနမှ ဝန်
ထမ်းများ စီစဉ်ပေးသော ပွဲဖြစ်၍ ဝင်ထိုင်
နေရတော့သည်။ ညီတော် ဘုန်းတခေတ်
ဆိုသည်မှာလည်း အသိုက်အဝန်းထဲ
လက်လက်ကို ဆင်နေတော့သည်။"ကိုကိုလာ joinလေ"
ဘီယာနဲ့ အပြင်းရောစပ်ထားသော ခွက်
တစ်ချို့၏ ချလွင်ဆိုသော မြည်သံများ
နောက် အသီးသီးသော တောင်းဆုပြုသံ
အထွေထွေ။
ပွဲစသည်မှာ မကြာသေးသော်လည်း အား
လုံးက အရှိန်တော့ရလာကြပြီ။ ကျွန်
တော် တော့ မလှုပ်ချင်။မရှားချင်။
တစ်ခွက်ကျော်ကျော်ဝင်နေပြီဖြစ်၍လူက
သိပ်မလန်းချင်တော့။ ဆရာဝန်ကရှောင်
ရှားခိုင်းထား၍ များများစားစားတော့
လုပ်မရ။ လုပ်မရ၍ မလုပ်ချင်တာထက်
ကိုယ့်စိတ်ကကို အပြစ်တစ်ခုလိုခံစားနေ
ရ၍ ထိုသို့သော အသောက်အစားဝိုင်း
များနှင့် ဝေးဝေးနေဖြစ်တာကြာပြီ။ ကျွန်
တော် တစ်ယောက်တည်းငြိမ်နေတာ
လည်း မဟုတ်။ အဖော်ဟု မဆိုနိုင်သော
တစ်စုံတစ်ယောက်သည်လည်း ကျွန်
တော်၏ မျက်စောင်းထိုးအနေအထားရှိ
ထောင့်လေးတွင် ရောက်ကတည်းက
ငြိမ်ငြိမ်သက်သက်ရှိနေသည်။ ညနေက
တွေ့ခဲ့သော ပုံစံအတိုင်း ရှပ်အဖြူ နှင့်။
တစ်ခုပဲ ဒီတစ်ခါတော့ ဒူးအထက်ရှိသော
ဘောင်းဘီအဖြူတိုကို ဆင်ယင်ထားပြန်
သည်။ တစ်ကိုယ်လုံးအဖြူချည်းသာ
ဆင်ယင်ထား၍ အခန်းတွင်း စလိုက်မီး
ရောင်အပြောင်းအလဲကိုလိုက်၍ သူဟာ
အရောင်တွေပြောင်းနေတော့သည်။"ဟာ...Headက ငြိမ်လိုက်တာ ။ လာပါ
တစ်ပုဒ်လောက်ဆိုပါ"ဒါသည်ကား ဘယ်နှစ်ခါမြောက်မှန်းမသိ
တော့သော သူ့ကို သီချင်းဆိုရန်ဖိတ်ကြား
မှု။ လက်တကာကာနှင့် အစဉ်အလာမ
ပြတ်ငြင်းဆိုခြင်းတွင် ဒီတစ်ခါတော့ ပို၍
ရီဝေဝေဆန်သော မျက်လုံးများနှင့်ရှိနေ
၏။ ဘယ်နှစ်ခွက်သောက်လိုက်တာလဲ။
သူ့ဘေးက တစ်ယောက်ကို ကြည့်တော့
နောက်တစ်ခွက်ပင် ထပ်စပ်ပေးနေပြီ။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi