အပိုင်း ၂၅
49K 5.4K 345
၂၀၁၆ ၊ ဧပြီ
"တလောကလုံး ဝေနေတော့တာပဲ"
ငြိမ်ငြိမ်ထိုင်မနေဘဲ ခါးကနေ သိုင်းဖက်
ကာ ယိမ်းထိုးလှုပ်နှဲ့တော့လည်း ရိုးရာမပျက်ငြိမ်မနေတော့။
ရေစင်အောင်သုတ်နေသော ပန်းကန်များ
ကို ချပြီး လှည့်ကြည့်သည်။ မှုန်ကုပ်ကုပ်
လေး။ စင်ရော်တောင်နှစ်ခု တွန့်ကာကွေး
လျက် ပုလဲနက်တို့သည်ကား ရေခဲရိုက်
ထားဟန်။
တဟီးဟီးအသံထွက်ကာ ရယ်ပြသည့်
တိုင် မနောဓာတ်သ ကြည်တောက်မလာ
"ဝေ နေမှာပေါ့။ မင်း ဘာလို့ သောက်လာ
လဲ။ မင်း အသက် ဘယ်လောက်ရှိသေး
လို့ ဒါတွေလုပ်ရတာလဲ"
"Party လေ..."
လျော့ရဲရဲဖြစ်နေသောဖက်တွယ်မှုကို ဖယ်
ခွာရင်း အိမ်ရှေ့ခန်းသို့ ထွက်တော့
အချော့တော်မြဲဖို့ နောက်ကောက်ကျ
ကျန်ခဲ့၍မှ မဖြစ်ဘဲ။
"ကျွန်တော်အသက်ပြည့်ပြီလေ ဗျာ။ ၁၉
နှစ်တောင် ကျော်နေပြီ"
ရင်ခွင်ငယ်ထဲ အတင်းခေါင်းခွေ့တော့
ငါးပါးသီလ ခြုံရုံသူလေးက သူရာမေ ကံ
ကျူးလွန်သူကား နှာခေါင်းရှုံလေသည်တဲ့
"ကျွန်တော် ဘာလို့သောက်လာလဲ မမေး
ဘူးလား"
"မင်း ဘာသာ သောက်ချင်လို့ သောက်
လာတဲ့ ကိစ္စကို ဘာမေးပေးရမှာလဲ"
ကျွန်တော် လက်မခံနိုင်သော အပြုအမူ
မျိုး ချက်ချင်းပြောင်း၏။ ဆွဲဆွဲချနေကျ
ဘောင်းဘီ ပေါင်လယ်ထိတက်ချင်တက်
ပါစေ ။ တပလ္လင်ခွေထိုင်ရင်း ကြည့်သည့်
အကြည့် ၊ မျက်နှာပေး။ တစ်ခုမှ
ကျွန်တော် သဘောမတွေ့ပါ။ သူများတွေ
ကို ဆက်ဆံတဲ့ ပုံစံနဲ့ကျွန်တော့်ကို လာမ
လုပ်နဲ့ ဝေဟင်။
"အစ်ကို!"
"ငါ့ လာမအော်နဲ့ ဟေ့ကောင် ဖေကြီး
ပြောတာ မှန်တယ်။ ကားမောင်းတတ်တာနဲ့ အသောက်က တတ်လာတာပဲ"
"ဟာ...ကျွန်တော် အလုပ်လုပ်တာပဲ
ဘယ်နှစ်လရှိပြီလဲ။ ခုမှသောက်လာတာ
ပြီးတော့ ကော့တေး လေး တစ်ခွက်
လောက်ပါပဲ"
"တစ်ခွက်ဆို အနံ့တွေက ဘာလို့ထွက်
တာလဲ...မင်း အသက် ငယ်ငယ်လေး
ခုတည်းက သောက်တတ်စားတတ်နေရင်
ဘယ်လိုလုပ်မလဲ လူလတ်ပိုင်းရောက်လာ
ရင်..."