အပိုင်း ၄၃
38.9K 4.9K 241
၂၀၁၉ ၊ မတ်လ ၊ ရန်ကုန်
"ဂျာချုပ် မိန်းမကနော်...နေနိုင်တယ်။
လုံးဝကို ပြန်မလာသေးဘူး"
"ကွဲနေကြပြီလားတောင် မသိဘူး။ သူ
ဟိုမှာ ဆေးရုံတက်ရတယ်လေ။ ကောင်း
ပြီးမှ ရန်ကုန်ပြန်ခေါ်လာတည်းက Aiden
လေးပဲ ပါလာတာ"
"ဂျာချုပ်က အဲ့ကလေးမမွေးခင်တည်းက
ဆေးရုံတက်ရတယ်လို့လည်းကြားတယ်"
"ဟုတ်တယ်။ အရင်က ဒါရိုက်တာချုပ်ရဲ့
PAပြောတာကကျ ဂျာချုပ်ကိုဆေးရုံရွှေ့
ပြီးမှ ပြန်ကောင်းလာတယ်လည်းပြော
တယ်။ နောက် ရေးတေးတေးကြားတာ
စိတ်ကျန်းမာရေးဆေးရုံလည်းရောက်
သေးတယ်ဆိုပြီးပြောကြတာလည်းရှိ
တယ်"
"ဟင် အဲ့ဒါကြီးတော့ မဖြစ်နိုင်ဘူးထင်
တယ်နော်။ အခု ဂျာချုပ်က Master
Brain ဟာ။ ဘယ်စာရင်းမေးမေးသူ
မမှတ်မိတာ မရှိဘူး"
"ငါထင်တာတော့ သူ့မိန်းမနဲ့ ကွဲနေပြီ
ထင်တာပဲ။ အဘွားကြီးက သူ့မြေး
ကို ပလူးမှာစိုးလို့  အိမ်ထောင်သည်
ဆိုပြီး သတင်းလွှင့်ထားတယ်ထင်တာပဲ
ခုခေတ်က သိတဲ့ အတိုင်းလေ..."
တံခါးရှေ့တွင်ရပ်တန့်နေမိပြီး ထွက်
သွားရကောင်းမလား။ ဘာမှမကြားမသိ
လိုက်သလို ဟန်ဆောင်ဝင်သွားရမည်
လား မသဲကွဲသော ဝေ့အနားရောက်လာ
သော သူသည်လည်း အသံမလုံအခန်းထဲ
က စကားသံများကို ကြားလိုက်ဟန်ရှိ၏။
အားတုံ့အားနာဖြင့် ပြန်ကြည့်သော ဝေ့
ကို တစ်ချက်သာ ကြည့်ပြီး အခန်းတံခါး
ကို တွန်းဖွင့်ကာဝင်သွားသည်။ အထဲမှ
အသံတို့သည် ရုတ်တရက်ရေလောင်း
ခံလိုက်ရသော မီးပုံပမာ ရှဲခနဲ။
လုပ်ငန်းအကြောင်းကို တည်တည်ငြိမ်ငြိမ်
နဲ့ပြောနေသော သူ့အသံကိုကြားရသည်
တွင် ခပ်ပါးပါးသာပြုံးဖြစ်သည်။ အလုပ်
ရှိသေးသော်လည်းအခန်းထဲမဝင်ဖြစ်
တော့။
နောက်ဆုံးတစ်ခေါက် Aidenနဲ့ အိမ်
ရောက်ပြီးတည်းက သူ့ကိုမတွေ့ဖြစ်
အောင် ရှောင်မိသည်။
"ကျွန်တော်တို့ အိမ်က ယောကျာ်းတွေ
ကို ဘယ်လိုများဆွဲဆောင်ထားလဲ"
ဆိုတဲ့ အမေးစကားက အိပ်မက်ဆိုးဖြစ်
ခဲ့တာ ပြီးခဲ့သော ချစ်သူများနေ့တည်းက။
ကိုယ့်ကလေးငယ်က ဆွဲဆောင်တယ်
ဆိုတဲ့ ကိစ္စကိုသိလို့လား။ စိတ်မကောင်း
ဖြစ်သည့်ကြားမှ ခပ်ပါးပါးပြုံးမိသေး။
ငိုလွန်းသည့်ပြောမရသည့် Aidenကြောင့်
စိတ်ရှုပ်နေတဲ့ ပုံကြည့်ပြီးလည်း သနား
မိတယ်။ ဝေကသာ ကလေးချစ်ပြီး
ယုယုယယပြုစုချင်ခဲ့တာ။ ဒီကလေးငယ်
က သူပဲ ပြုစုယုယခံချင်ခဲ့တဲ့လူဆိုတော့
လည်း... စိတ်ဆိုးဆိုးနဲ့ပြောမိတယ်လို့
ဖြေတွေးခဲ့သေးတယ်။ တစ်ဖက်ကကျ
တော့လည်း ဝေ့ကိုတွေ့နေမြင်နေတိုင်း သူ စိတ်တိုဒေါသထွက်မိမှာစိုးတယ်။ သူ့စိတ်ထဲကအတိုင်းပြောမိဆိုမိပြီးမှ
အခြေအနေတွေ ပုံမှန်ပြန်ဖြစ်တဲ့အခါမှ
ဝေ့ကို အားနာမဆုံးဖြစ်နေပြီး အနေ
ခက်နေမယ့် သူ့ပုံတွေးမိတိုင်း ခံရ
ခက်လို့ ရှောင်နေပေးမိ၏။
အရင်ဆယ်ကျော်သက်နှောင်းပိုင်းအရွယ်
တည်းက သူ့မှာ စီးပွါးရှာခဲ့ရတာ။ အခု
အရွယ်ကျတော့လည်း အရွယ်နဲ့မလိုက်
အောင် ပိုကြီးလေးတဲ့ တာဝန်နဲ့ ရာထူး
တွေယူထားရတာ။  ဝေ့အတ္တတစ်ခုတည်းနဲ့ သူ့ကိုစိတ်မပန်းစေချင်ဘူး။ ခဏပါပဲ
သော်... အခုခဏလောက်ပဲဖြစ်ဖြစ်သည်း
ခံကြတာပေါ့။