အပိုင်း ၄၀
38.7K 4.8K 178
၂၀၁၉ ၊ ​ဖေ​ဖော်​ဝါရီ ၊ Star City
လေတသုန်​သုန်​သည်​ မြက်​ပင်​ရိုင်းများ
ကြား ​ဝေ့ဝိုက်​​ခေါင်းတိုးသည်​။ မြက်​ပင်​ပျို
က ​ပေါ့​ပေါ့ပါးပါး​လေယူရာတိမ်းကြသည်​။
သက်​တမ်းရင့်​ မြက်​ပင်​ရှည်​ကြီးများက
ဖြင့်​ ဣ​နြေ္ဒကြီးစွာဖြင့်​ ​လေး​လေးနွဲ့နွဲ့
ယဉ်​စယဉ်​စဖြင့်​သာ...
လေညင်းသုန်​ကသာ​မြက်ပင်ရှည်
တွေကြားခေါင်းတိုးဝှေ့ကာ အမူပိုပိုချွဲ​၏။
ပျောင်း​ပျော့​သောအဖြူ​ရောင်​သဏ္ဌာန်​ပါးတစ်​ခုက​တော့ဦးတိုက်​လာ​သော မြက်​ပင်
ကြီးငယ်​အယုတ်​လတ်​မ​ရွေးကို ​ဖော့
ဖ​ယောင်းသွန်းလက်​ဖြူသွယ်​တစ်​စုံဖြင့်
ညင်​ညင်​သာသာ ထိ​တွေ့သည်​။
အဝါနု​ရောင်​မြက်​ပင်​​တွေကြား ​ရွေ့လျား​နေ​သောအဖြူ​ရောင်​သဏ္ဌာန်​သည်​ ကျွန်​​တော့်​ကိုဆွဲ​ခေါ်သည်​။ 
လေညင်း​ရောယှက်​ထား
သော မြက်​ပြင်​​တွေကြား​အဖြူ​ရောင်​​လေး​ပျောက်​သွားမှာစိုးသည့်​စိတ်​နှင့်
အ​နောက်​မှ​ပြေးလိုက်​မိသည်​။ လှမ်းတား​သော်​လည်းသဏ္ဌာန်​ပိုင်​ရှင်​မှာ မရပ်​တန့်​။
ထူးဆန်းသည်​မှာ ကျွန်​​တော်​ကသာ
မော​မောပန်းပန်း​ပြေးလွှားလိုက်​​နေတာ
သဏ္ဌာန်​ကဖြင့်​ ဖြည်းဖြည်း​လေးသာ
ရွေ့​နေသလိုပင်​။ အပူအပင်​ကင်းလှသည်
လိုက်​၍မမီ​လေ ပိုကာလိုချင်​​လေ။ ငှက်
မွှေးဖြူ​တောင်​​လေးတစ်​ခု လေနှင့်အတူ
အလိုက်သင့် လွင့်​​နေ​သလို လွင့်မျော
နေသော သဏ္ဌာန်​​လေးကို  ဖမ်းဆုပ်​မိစဉ်​သူရောကိုယ်ပါပြိုလဲကျသည်​။ ​မောဟိုက်​တုန်​ယင်​​နေ​သော
ကျွန်​​တော့်​ကို ​ချွေးသိပ်​​ပေးသလိုဖိကပ်​လာ​သော လက်​​အေး​အေး​လေး
တွေ။ ကျွန်​​တော်​​ငေး​သောအခါ ပြုံးပြ​နေ
သလိုလို။ ​နေခြည်​​ရော​နေ​သော သူ့မျက်
နှာကို ​သေချာမ​တွေ့ရ​သော်​လည်း
ကျွန်​​တော်​ရင်​​တွေလှိုက်​​မော​နေပါ၏။
ပြန်​​မော့ကြည့်​​နေဟန်​ရှိ​သော သူသည်
ကျွန်​​တော့်​လည်​တိုင်ကို လက်​နှစ်​ဖက်​ဖြင့်
ယှက်​သွယ်​သည်​။ ရင်းနှီး ​နေ​သောဤ
အထိအ​တွေ့တွင်​ ကျွန်​​တော်​သည်​သူ့ထံ
သို့ ပြိုကျရလေ၏။ ​လေ​တွေပိုတိုက်​လာ
သည်​။ ​ပထဝီမြေပြင် ရှက်​​သွေးဖြာ
လောက်အောင် ကျွန်တော်တို့ထိတွေ့
မိကြသည်။ ကျွန်​​တော့်​ နာမည်​​ခေါ်သံတိုး
တိုးကိုကြားရသည်​။ ​လေတိုးသံ၊ မြက်​ပြင်
ရိုင်းများ၏ တိုး​ဝှေ့ကြည့်​ရှုမှု၊ ​ကောင်းကင်
ပြာပြာ ၊ လွင့်​​မျော​နေ​သော တိမ်​မျှင်​ဖြူပါး
များ ထိုထို​သောအရာများထက်​ လှပ​နေ
သည်​က ကျွန်​​တော့်​ကို ​မော့​ငေး​နေ​သော
မျက်​လုံးဝိုင်း​လေး​တွေ ။ အ​သေအချာမြင်
လိုက်​ရ​သော နှုတ်​ခမ်းပါးအား အနမ်းခို
နားစဉ်​ အရာအားလုံးတိတ်​ဆိတ်​ငြိမ်
သိမ်​သွားပြီး အရာရာကပြီးပြည့်​စုံသွား
သည်​ဟုခံစားလိုက်ရသည်​။
လှိုက်​ခုန်​​မော​နေ​သော ရင်​သည်​ တဒိတ်
ဒိတ်​နှင့်​။ တုန်​ယင်​​နေ​သော ရင်​ဖက်​​ပေါ်
သို့ တွန်းတိုက်​မှု​သေး​သေး​သေးတစ်​ခု။
လွင့်​လွင့်​​မျော​မျောဖြစ်​​နေရာမှ ​ဖေ​ဖေ ဟူ
သော ဝိုးတဝါးသံ​လေး။