အပိုင်း ၁၉
47.2K 5.3K 180
အပိုင်း ၁၉
၂၀၁၆ ၊ မတ်လ
"ဟင် ဝေက အာကာ့ကို အကျီ င်္
လက်ဆောင်ပေးမလို့လား"
စန္ဒာကို ပြန်ကြည့်မှ မနက်ဖြန် အာကာ့
မွေးနေ့ရှိသည်ကို သတိရတော့သည်။
"နင် အာကာ့ မွေးနေ့ကို မေ့နေတာမျိုး
တော့မဟုတ်ပါဘူးနော်"
"ဆော်ရီး ငါမေ့နေတာ"
"ဒါဆို အခု ကိုင်ကြည့်နေတာ အာကာ့အတွက်မဟုတ်ဘူးဆို ဘယ်သူ့အတွက်လဲ"
မေလွင့်ကို ကြည့်ကာပြုံးမိသည်။
လှောင်ရိပ်ပါအောင် အပေါ်နှုတ်ခမ်းကိုသာ ကွေးညွတ်လိုက်ပြီးမှ...
"ငါ့ ညီ အတွက်ဝယ်ပေးမလားလို့...သူ့မှာ သူဌေးကားသာ မောင်းနေတာ အဝတ်အစားကောင်းကောင်းမရှိဘူး"
စင်ပေါ်မှ ခဲရောင်အကွက်ပါသော ရှပ်ကို ယူကြည့်လိုက်သည်။ ဆက်မပြောချင်တော့။ ရသမျှလစာအကုန်အပ်ပြီး ခရီးစ
ရိတ်လောက်သာ ယူထားတတ်သူတွင် ကောင်းကောင်းကန်းကန်းအဝတ်ဆိုလို့ ငါးစုံတောင်မပြည့် ။ ဒါကိုပဲ
ပတ်လည်လှည့်ဝတ်နေရတာမြင်နေရတာ အဆင်မပြေ။ ကိုယ်လည်းအဆင်ပြေလို့
ဝယ်ပေးနိုင်တာမဟုတ်။ အိမ်အသုံးစ
ရိတ်ထဲက ချွေနိုင်သမျှချွေပြီးစုထားရတာ။ ဒါတောင် သူနဲ့ လိုက်မယ်ထင်
တာလေးကို မဝယ်ပေးနိုင်သေး။
လိုနေသေး၏။
ဒီလိုအခြေအနေမှာ သူများ မွေးနေ့ ဘာနေ့ညာနေ့တွေ ဝေ အပိုတွေ မဖြုန်းနိုင်ပါ။ မဖြုန်းရက်သည်ဆို ပိုမှန်မည်။
သူရှာထားတဲ့ ပိုက်ဆံနဲ့ တခြားယောကျာ်းအတွက် လက်ဆောင်ဝယ်ပေးတယ်ဆိုတာ...ပြီးတော့ အဲ့ ယောကျာ်းကလည်း ရိုးရိုးသားသားသူငယ်ချင်းမဟုတ်။ ဝေ အဲ့လောက် မယုတ်ညံ့ချင်ပါ။
             >>>>><<<<<
"နောက်နှစ်အတွက် ဒီပစ္စည်းကြော်ငြာရဖို့ မသေချာတော့ပါဘူးနော်"
တစ်ယောက်တည်းပြောသလိုလို ခပ်တိုးတိုးရေရွတ်ရင်းမှ ရှူတင်ထမင်းလုတ်ကို သွင်းကာ ဖြည်းဖြည်းချင်းဝါးသည်။ စားသည်က ကြောင်ပေါက်စစာလောက်ကို စားနေတာ မပြီးတော့။ စိတ်အ
ချဉ်ပေါက်ပေါက်နဲ့ဘာကြောင့်လဲ ဟု အလိုက်သင့် ပြန်မမေးဖြစ်ဘဲ ရေကိုသာ
ဖိသောက်နေလိုက်သည်။