၂၀၁၉ ၊ ဖေဖော်ဝါရီ ၊ Star City
"Oh"
တံခါးဖွင့်ဖွင့်ချင်းတွေ့လိုက်ရသောပုံသည်
လုံးဝ မထင်မှတ်ဘဲရောက်လာသူကို
ကြိုဆိုလိုက်ရဟန်အပြည့်။
ကိုယ်ပင် ကြောင်တက်တက်။"အငယ်က Head အခန်းထဲရောက်နေ
တယ်ပြောလို့...""ကျွန်တော့်အခန်းမှာလား"
တအံ့တသြဖြစ်လျက် သူ့ကိုယ်သူလက်
ညှိုးထိုးပြသည်။ ခုမှခေါင်းစခြေဆုံးသတိထားမိပြီးမှ အားနာသွားရသည်။
Oversize shirtလက်ရှည်အဖြူနှင့်
ဘောင်းဘီတိုသာ ဆင်ယင်ထားသည်ကို
ကြည့်ခြင်းဖြင့် ဧည့်သည်လာမည်ဟု
မထင်ခဲ့ရိုးအမှန်ဆိုသည်မျိုး။"ဒါဆို ဒီမှာပဲ စောင့်နေလိုက်ပါလား"
ထပ်မငြင်းဆန်ချင်တော့။ သူဖွင့်ကြိုသော
အိမ်တံခါးကိုကျော်ကာ သူ့ပိုင်နက်ထဲ
ကျွန်တော် ချည်းနင်းလိုက်တော့၏။
ရှေ့မှဦးဆောင်ခေါ်ငင်သူ၏ လမ်းပြခြေ
နှစ်သွယ်ကို မစူးစမ်းမိအောင် အနိုင်နိုင်
အကြည့်လွှဲရသည်။ ဝင်းမွတ်နေခြင်းနှင့်
သန့်စင်နေခြင်းက တော်ရုံအမျိုးသမီး
စိတ်ညစ်သွားနိုင်သည်။Unit oneပေပဲမို့ သူ စီစဉ်ချရာ ဧည့်ခန်း
ပုံစံသည် ကျွန်တော်တို့အခန်းနဲ့ မထူး
ခြားနား။ ဆန်းသည်ကဖြင့် လိုက်ကာ
အစ ခြေနင်းအဆုံးအဖြူကို ဆင်ယင်ခြင်း
သာ။ ပိုင်ရှင်ကိုယ်တိုင်သည်လည်း အဖြူ
ရောင်ကိုသာ ခုံခုံမင်မင်ဝတ်ဆင်ထား၍
တိမ်ဆိုင်ကဲ့သို့ မြူသိုင်းရစ်နေစေပါက
သူ့အရပ်သည် စံမြန်းချင်စရာ နတ်ဗိမာန်
ပမာ။"ကျွန်တော့်အခန်းကိုမန်နေဂျာလည်း
ရောက်ဖူးသွားတာပေါ့
ခဏနော်...ကျွန်တော်လုပ်လက်စလေး
ရှိနေလို့"တုံ့ပြန်မှုကိုပင်မစောင့်နိုင်အလျင်လိုစွာ
ဖြင့် ဘေးဖက်ရှိမီးဖိုခန်းငယ်ဆီပြေးဝင်
သည်။ မကြာ။ သေသပ်စွာစိပ်လှီးထား
သော အရောင်စုံသစ်သီးဗန်းတစ်ချက်
ကိုင်ကာ ထွက်လာသည်။ မနက်ခင်းကြီး
အသီးတွေနဲ့ ဧည့်ခံတာက..."ရတယ်...ကျွန်တော်မစားတော့ဘူး"
ရယ်သံတစ်ခုဧည့်ခန်းအတွင်းထွက်ပေါ်
လာသည်။ လှိုက်လှိုက်လှဲလှဲတော့ မ
ဟုတ်။ မအောင့်နိုင်၍ ရယ်ချလိုက်သော
ခွိခနဲသောရယ်သံ။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi