အပိုင်း ၂၉
48K 4.7K 226
၂၀၁၆ ၊ မေ
တစ်ညလုံး အာကာတစ်ခွင်မိုးမာန်ရိပ်ဆင်ထားသော ဝသာန်ဦးမိုးပုလဲပန်းတို့သည် အိမ်၏ တံစက်မြိတ်လေး
တွင် မောမောပန်းပန်းဖြင့် တစ်ပေါက်
ပေါက်နှင့် တွဲခိုနေသည်။ ကျွန်တော့်ပိုင်
ဝေဟင်သည်လည်း နွမ်းလျလျနှင့်
ရင်ခွင်ထဲ မှေးစက်နေရှာ၏။ သနားချစ်နှင့် ကရုဏာသက်စွာဖြင့် သူ့ကို
မြတ်မြတ်နိုးနိုးချစ်သည်။
နေခြည်သည်မိုးစက်များကို ဖြတ်သန်း
လျက် မြေမဟီတွင် ရောင်သွယ်ခြုံလွှာ
နွေးနွေးခင်းကျင်းရန်ပြင်နေခဲ့ပြီ။
"အစ်ကို..."
ဖြန့်ချထားသောမျက်တောင်လွှာများကို ခပ်ဖွဖွထိတွေ့ရုံနဲ့ တောင်ပံနက်လေး
လှုပ်ခတ်သွားသည်။
"ကျွန်တော်အလုပ်သွားရတော့မယ်"
ထိုအခါ ဖက်တွယ်မှုမှရုန်းထွက်ကာ
"ဟင် မနက်စာစားဖို့... "
"နေ...နေ ဆက်အိပ် ဆက်အိပ်"
ပုခုံးသားများကို ချော့သိပ်သလို ဖွဖွပုတ်ပေးသည့်တိုင် မဟူရာမျက်သွယ်များသည် ကျွန်တော့်ကိုသာ ငေးမောသည်။
"အစ်ကို့ကို မပြောဘဲ ထသွားရင်
စိတ်မကောင်းဖြစ်နေမှာ စိုးလို့... "
"ဝေ မနက်စာထမင်းကြော်ပေးမယ်သော် မနေ့ညကလည်း ညစာမစားဘူးလေ"
"စားလိုက်ပါတယ်"
မျက်နှာရိပ်မျက်နှာကဲကို အဖမ်းမ
တတ်ဟန်လေးကပင် အသည်းယားစရာ...
"ဟင် မစားဘူးလေ...ထမင်းခူးပေးမလို့ပဲရှိသေးတာ... "
"စားလိုက်ပါတယ် မသိတော့ဘူးလား "
ထိုအခါမှ ဆိုလိုရင်းကို သဘော
ပေါက်ရှာသူသည် နေခြည်နွေး၏ အကူမပါဘဲ ပါးပြင်နှစ်ဖက် ရဲစွေးသွားသည်။
ဒါလေးတွေ့ချင်လွန်း၍ စွန့်လွှတ်ခွာချ
လိုက်ရသော ကျွန်တော့်ရှက်ခြင်းတရား
များ။ အလဲအထပ်သည် ဆပွါးတိုးရပါ၏
ရှက်နေသူသည် ခေါင်းလေးတိုးကာ မျက်
နှာကိုဖွက်သည်။ ရူးတော့မှာပါပဲရယ်
"မိုးလင်းခါစပဲ ရှိသေးတယ် အိပ်ဦး... "
"အလုပ်က ဘာဖြစ်ခဲ့တာလဲဟင်"