အပိုင်း ၄၉
45.1K 5.1K 433
၂၀၁၉ ၊ ဧပြီ ၊ သန်လျင်
"Aidenက အိပ်ချင်နေတာကို အိပ်တော့
လေကွာ။ ကိုကိုး လည်း တစ်ညနေလုံး
ကစားပေးထားရတာ ပင်ပန်းနေပြီပေါ့"
"ကိုကိုး ပေါ်မှာ နေ မယ်"
ဆက်ပြောမည်ပြင်တော့ မပြောပါနဲ့တော့
ဟူသော မျက်နှာရိပ်ဖြင့် ခေါင်းခါပြပြီး
Aidenကို ပုခုံးပေါ်တင်ကာ ချီပိုးသည်။
ရှေ့နောက်လျှောက်လျက် သိပ်၏။
အချိန်အားဖြင့် မနည်းတော့ ။ ကျွန်တော်
ပြန်ရောက်လာတာကို ကြားပြီး တစ်ရေး
နိုးလာတာကစပြီး ပြန်မအိပ်တော့တာ။
အစကတော့ နည်းနည်းလည်း စောနေ
သေး၍ ဧည့်ခန်းတွင် ကြုံရာ Channel
တစ်ခုကို ဖွင့်ကြည့်ရင်းနှစ်ယောက်သားဘီယာထိုင်သောက်နေကြသေးသည်။
အလုပ်အကြောင်း နှင့်  သူ့ကျောင်းသားဘဝ များ ပြောဖြစ်ကြသည်။ ထိုစကားသံ အုပ်အုပ်ကို Aidenက ကြားပြီး အိပ်ခန်းထဲမှ ထွက်လာသည်က စတာပင်။ Aiden ကိုတွေ့သည်နှင့် လက်က ဘီယာဗူးကို ချ ဘီယာနံ့ စွဲနေမည့် နှုတ်ခမ်းသားတို့ကို ဝတ်ထားသော ရှပ်အကျီ င်္
လက်နှင့်ဖိသုတ်ပြီးကောက်ပွေ့ပေးတာ
ပင်။
ကျောပြင်ကို ဖွဖွပုတ်ပေးရင်း သားချော့
တေး တစ်ပိုင်းတစ်စကို တိုးတိုးဆိုညည်း
နေသည့်ပုံ။ မှောင်ရိပ်များသော ဧည့်ခန်း
ကို လည်း Aidenမျက်လုံးစူးပြီး အိပ်မ
ပျော်တော့မှာ စိုးသည်ထင်။ မီးထဖွင့်မည့်
ကျွန်တော့်ကို လှမ်းတားသေး၏။ ရှိသည့်
မီးဝါရောင်မှိန်မှိန်အောက်တွင်ပင် မှောင်
ရိပ်ခိုထိုင်နေလျက်မှ သူ့ကို ငေးနေမိ
သည်။ မေတ္တာလွှမ်းထားသော အေးစက်
စက် အမျိုးသားပျိုတစ်ယောက်၏ ပုံရိပ်
သည် အနုပညာဆန်သည်။ ကျွန်တော်
သာ ပန်းချီဆွဲတတ်ပါက ထိုပုံရိပ်ကိုဆွဲ
ထားမိမှာပင်။ ခုတော့ဖြင့် အေးမြမှုနှင့်
ခါးရှနေသော ဘီယာကိုသာ တစိမ့်စိမ့်
သောက်ရင်း အနှီသက်ရှိအနုပညာ
ထုဆစ်မှုကို ခံစားနေလိုက်သည်။
သူသောက်လျက်စ ဗူးကို ကောက်မော့
တော့ သုံးရက်လဆန်းသဏ္ဌာန်မျက်
တောင် နှစ်ခု တွန့်ခေါက်သွားသည်။
မကြိုက်ဘူးဆိုတာ သိတော့ ပိုလုပ်ပြချင်
သွားတာက ကျွန်တော်မသိသေးတဲ့
ကျွန်တော့်ညာဉ်ဆိုးလေလား။
အူမြူးစိတ်နှင့် ရယ်ကျဲကျဲလုပ်ပြရင်းသာ
နေနေလိုက်သည်။ သူ့ ပိုင် လခြမ်းနှစ်ခု
ကတော့ တွန့်ခေါက်ဆဲ။
တအင်းအင်းနှင့် ဖြစ်နေသော Aiden လုံးဝအိပ်မောကျသွားမှ အိပ်ခန်းဆီသို့
ဦးဆောင်ပြန်ခေါ်သည်။ သူက Aiden ကိုပွေ့လျက်ကျွန်တော်က တံခါး
လိုက်ဖွင့်ပေးရသည်။