အပိုင်း ၂၂ - ၁
46K 5.1K 146
၂၀၁၆၊ မတ်လ
"ဟင် အစောကြီးပဲ သော်"
ငွေခြူးworkshop မရှိတော့၍ အိမ်ပြန်
စောခြင်းကို အံ့သြဝမ်းသာနေဟန်။
ငွေခြူးဆီမှာ အလုပ်ဝင်တည်းက အိမ်ပြန်
ချိန်တွေ မမှန်တတ်တော့သလို ညမဝင်
ခင် အိမ်ပြန်ရောက်တယ်ဆိုတာလည်း
မရှိသော ကိစ္စမို့...
အိမ်ပေါ်တက်၊ ကျောပိုးအိတ်ကိုချ၊
ရေခပ်သောက်စသည့် ပြုသမျှအဆင့်
တိုင်းကို ထိုင်လျက်လေးမော့ကာလိုက်
ငေးသည်။ ဒီအတိုင်း ကျောဆန့်လှဲ
ရင်း အစ်ကိုရှိရာဖက် လက်ထောက်ခေါင်း
အုံးပြီး ကြည့်တော့ ပြုံးပြ၏။
ရေချိုးပြီးစမို့ထင်ပုံမှန်ထက်ပိုသော
ပါးလျသော အေးငွေ့လေးကိုခံစားရ
သည်။ မွှေးပျပျ ကိုယ်သင်းနံ့သည်လည်း လီမွန်ရေချိုးဆပ်ပြာနှင့်ရော
စပ်နေသေး၍  မြို့ပြညနေခင်းက ပူ
လောင်မွန်းကြပ်မှုတွေ ပျောက်သွား သလိုရှိ၏။ တစ်နေကုန်ရှုရှိုက်ခဲ့သော
ခန္ဓာကိုယ်တွင်းမှ အဆိပ်သင့် လေထုများ
ပင် ကင်းစင်သွားသယောင်ယောင်။
ယောကျာ်းလေးတစ်ယောက်က ဘာတွေ
ကြောင့်များ ဒီလောက်ထိ အေးရိပ်ပေး
နိုင်ရသည်လဲလေ။
"ခဏနားပြီးရေချိုးလေ။ ထမင်းရော
စားပြီးပြီလား"
အပြုံးအေးအေးနှင့် ငုံ့မေးလာသော
မျက်နှာနုနုကို မရည်ရွယ်ဘဲ စိုက်ကြည့်
မိ၏။ အေးအေးလေးဖြစ်နေမည့် ပါးပြင်
ပြောင်ပြောင်ကို ထိတွေ့လိုက်ရင် ကျနေ
၏အပူငွေ့လှိုင်းသည် ကျွန်တော့်ကိုဖြင့်
ကျော်သွားမည်ထင်။
"ကျွန်တော် ကိုယ်ပူနေလား မသိဘူး"
"ဟင်"
ချက်ချင်းဆိုသလို နှဖူးပေါ်ရောက်လာ
သော လက်ဖဝါးနုအေးစိမ့်စိမ့်လေး။
မျက်လုံးတို့မှိတ်ရင်း အထိအတွေ့ကို ခံစားလိုက်သည်။ ဒါဘာနဲ့တူလဲဆို
အက်ကွဲခြောက်နေတဲ့ လယ်ကန်သင်း
ကြီးခေါင်ခေါင်ကြီးကိုဖြတ်လာပြီးအဆုံးမှာရှိနေတဲ့ ရေချမ်းအိုးစင်လေးကို တွေ့ထိလိုက်ရသလိုပဲ...
"ဝေ ကပဲ ရေချိုးပြီးသွားလို့လားမသိဘူး
နည်းနည်းတော့နွေးတေးတေးဖြစ်နေ
တယ်။ ညနေကြီးရေမချိုးချင်မချိုးနဲ့
တော့လေ"