အပိုင်း ၉
48.6K 5.2K 481
အပိုင်း ၉
၂၀၁၅ ၊ ဒီဇင်ဘာလ
"ဟင် ဝေ"
ဝေ့ကိုမြင်တော့ အားလုံးအံ့သြသွားကြသည်။ အတန်းထဲဝင်လာသော ဝေ့ကို မေလွင်က ပျာပျာသလဲ ထိုင်ခုံ
မှထကာ ဆီးကြိုသည်။
တုံ့ဆိုင်းဆိုင်းနှင့် အေးစက်စက်ဖြစ်နေသော ဝေ့လက်များကို ဆုပ်ကိုင်ပြီး
"ဝေဟင်ရယ်...နင်နဲ့ ကျောင်းအပ်ဖို့ကိစ္စဖုန်းဆက်ပြီးတည်းက အဆက်အသွယ်မရတော့တာ။
နင့်အိမ်သွားကြည့်တော့လည်း ဘယ်သူမှမရှိဘူး။ တံခါးကြီးပိတ်ထားတယ်"
သူငယ်ချင်းတွေ့တော့လည်း ဝမ်းနည်းဝမ်းသာစိတ်နဲ့ မျက်ရည်က ဝဲလာပြန်သည်။
"လာလာ ထိုင်... "
နေရာဖယ်ပေးသူနား ဝင်ထိုင်ပြီးသည့်တိုင် ဝေနှုတ်ဆိတ်နေမိသည်။ ဘယ်ကစပြောလို့ပြောရမှန်းလည်း မသိဖြစ်နေတာလည်း ပါမည်။
"ဘယ်လိုတွေဖြစ်ကုန်တာလဲ ဝေ။ သတင်းတွေကတော့ကြားတာ အစုံပဲ။ အခု နင်ဘယ်သူနဲ့ နေနေတာလဲ"
"ဝေ... သော် နဲ့ နေတယ်"
"သော် ဆိုတာဘယ်သူလဲ။ နင်...နင် တကယ် လိုက်ပြေး...နင်ဟယ် အာကာ့ကို ဘယ်လိုလုပ်လိုက်တာလဲ"
ဒေါသသံနှင့် ပြောလာသော စန္ဒာအေးကို ဝေ စူးခနဲကြည့်မိလိုက်သည်။
"အာကာ နဲ့ ငါက ဘာဆိုင်လို့လဲ"
ထွက်သွားသော ဒေါသစိတ်နဲ့ လိုက်ဖက်စွာထွက်လာသော အသံက ပုံမှန်ကြားနေကျအသံမဟုတ်၍ ကိုယ့်ကိုကိုယ်ပင် အံ့သြမိသည်။ စန္ဒာအေးလည်း အနည်းငယ် တုံ့ဆိုင်းသွား၏။
"ကိစ္စတွေက ဖြစ်သွားတာ အများကြီးပဲ။ ငါ အခု ဖေကြီးနဲ့ အတူတူမနေတော့ဘူး။ သာကေတဘက်မှာ
ငှားနေတယ်။ သော် ဆိုတာ အရင်က ဖေကြီးတို့ ဝပ်ရှော့မှာ အလုပ်လုပ်ဖူးတဲ့ ကောင်လေးပဲ။ နာမည်ရင်းကမြတ်နိုးသော်။ အညာ မြင်းခြံဘက်ကနေ ဒီမှာ အဝေးသင်လာတက်ရင်း အလုပ်လာလုပ်တာ။ ငါတို့ထက်ငယ်တယ်။ သူနဲ့ အခု အဲ့ အိမ်ကို ငှားနေတယ်"
"နင်...နင်တို့ ဘာမှတော့ မဟုတ်ဘူးမလား"
ဝေ ခေါင်းခါပြလိုက်သည်။