အပိုင်း ၁၄
၂၀၁၆ ၊ ဇန်နဝါရီ
ဟုတ်ပါတယ်။ ကိုအောင်ဆွေ ပြောတာ အမှန်ပင်။ ငွေ ၂သိန်းက များတာကို မကြည့်နဲ့ဆိုတာ။ ဘယ်လို
မိန်းကလေး မျိုးပါလိမ့်။ သို့ပေမဲ့ ပြောရင်ပြောတဲ့ အတိုင်းလုပ်တတ်သည့် စိတ်ဓာတ်ကိုတော့ သဘောကျ၏။
အစ်ကို့ ကြိုက်လောက်မယ်ထင်သော ကြာဇံကြော်ဗူးကို မြှောက်ကြည့်ရင်းမှ သဘောတကျပြုံးရပြန်သည်။
ညနေတည်းက ခဏဆိုပြီး ထွက်ခဲ့သူက ကိုးမိုင်ထိရောက်ရုံသာမက တစ်ခါမှ မရောက်ဖူးတဲ့ studio
တွေ ကလပ်တွေထိရောက်ခဲ့ရတာ။ အစ်ကိုတော့ တော်တော်စိတ်ပူနေတော့မည် ။
၈နာရီလောက်တည်းကပင်တိတ်ဆိတ်ငြိမ်သက်သွားတတ်သော ရပ်ကွက်လေးသည် ည ၁၁နာရီဆိုသည့်
အချိန်တွင်တော့ ပြောဖွယ်မရှိတော့။ အဘွားတို့လည်း အိပ်နေပြီထင်သည်။ ခြံတံခါးကို အသံမမြည်အောင်
သတိထားဖွင့်ရင်း အိမ်လေးရှိရာ ခြံနောက်ဖက်ဆီ စမ်းတဝါးဝါးလှမ်းလာရစဉ်
"သော်..."
အနောက်သို့ယိုင်မတတ်ဖြစ်လောက်သည်အထိ အားပါသော ပွေ့ဖက်မှု။ မှောင်ရိပ်ထဲရောက်နေချိန် ရုတ်တ
ရက်ကြီး ပြေးဖက်ခံရတော့ မည်သူမလန့်ဘဲ နေမလဲ။ ပိုဆိုးသည်က ပြန်လည်ရုန်းထွက်ကာ ကိုယ်လွတ်ရုန်း
ထွက်မည်ကို စိုးသည့်အလား တင်းကျပ်သော ဖယ်တွယ်မှု။
"ဘာ...ဘာဖြစ်လို့လဲ ဟင်၊ ဘာဖြစ်လို့"
အတင်းဆွဲခွာမေးတော့လည်း အသံထွက်မလာ။
"လာ...လာ၊ အိမ်ထဲဝင်ရအောင်...ကျွန်တော်တို့လုပ်တာနဲ့ အဘွားတို့ အဘိုးတို့ နိုးကုန်ရင် မကောင်းဘူး"
အကျီ င်္စကို အတင်းဆွဲစုကိုင်ထားသည်မှာ အိမ်ထဲရောက်တဲ့ထိမလွှတ်တော့။ ဘာများဖြစ်သလဲလေ။
"ညနေက ကိုအောင်ဆွေဆီသွားရင်းအလုပ်တစ်ခုပေါ်လာလို့ နောက်ကျသွားတာ။ ဒီမှာ အစ်ကို့အတွက်
ကြာဇံကြော်ဝယ်လာတယ်"
ဖော့ဗူးကို မြှောက်ပြတော့မှ ငိုချင်ရက်လက်တို့ပုံစံဖြစ်ကာ နှာခေါင်းဖျားတွေရော နားရွက်တွေပါ
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi