အပိုင်း ၂၁
46.9K 5K 153
အပိုင်း ၂၁
"ဒီ ကလေးမလေးတောင် series မှာ ပါရတော့မှာလား"
အချိန်ရသည်နှင့် ကိုယ်စီပြောစရာ အကြောင်းအရာများကို ဖုန်းတွင်ရှာတတ်သော သူငယ်ချင်းမနှစ်ယောက်စကားကို နားမထောင်ဖြစ်။ ဝေ့မှာက သူတို့နှင့်အ
ပြိုင်ပြောနိုင်သည့် androidမှ မရှိဘဲ
"ငွေခြူးသံသာလေးလား ၊ အဲ့ကလေးမလေးချစ်စရာလေး"
ငွေခြူးမ ဟိုကလေးမ ဝယ်ပေးလိုက်တာ၊ ဟိုကလေးမ ကျွေးလိုက်တယ် စသည်ဖြင့် အခုနောက်ပိုင်း
သော့်ဆီမှ ကြားကြားနေတတ်သော
ကလေးမသည် မိန်းကလေးချင်းချင်းပင် ချစ်စရာလေးလို့ မြင်နေနိုင်
လောက်အောင် ဘယ်လောက်ထိ...
"ဝေဟင် ဒီမှာကြည့်...လှလား"
မျက်လုံးရှေ့မှောက်ထိုးပြလာသော
မေလွင်ဖုန်းမျက်နှာပြင်ကို
ကြည့်လိုက်သည်။
မျက်လုံးလေးများထိအပြုံးဓာတ်များ
ပြည့်နေသော ကလေးမလေး။
ချစ်စရာကောင်းခြင်းထက်ကိုပိုကာ
မိန်းမချင်းပင် အားကျရလောက်သော
ကျော့ရှင်းသွယ်လျခြင်းတွေကို
လူငယ်ဆန်သော နုပျိုမှုနှင့် အချိုးကျ
ကျပေါင်းစပ်ထားသောအခါ
"လှတာထက်ပိုတယ်"
"ဝိုး... "
အခုနောက်ပိုင်း မိန်းကလေးပုံများ လာလာပြခြင်းဖြင့် ဝေ့ကို သွေးတိုးစမ်းတတ်ကြသည်။ ဝေ ဖြေလိုက်တော့ ရှေ့ခုံမှာ
ထိုင်နေသော အာကာသည်
လည်ပြန်လှည့်ကြည့်လာ၏။
မေလွင့်ဖုန်းကို ပြန်မပေးသေးဘဲ ချစ်စဖွယ် ၊ စွဲမက်ဖွယ်၊ တန်ဖိုးထားချင်စဖွယ်
စသော အမူအရာမျိုးစုံနှင့်ရှိနေသော
ငွေခြူးပုံတွေကို တစ်ပုံချင်း ဖြည်းဖြည်း
ချင်းကြည့်နေမိသည်။
"မင်း ကြိုက်တဲ့ ပုံက အဲ့လိုလား"
အာကာထမေးတော့ မိန်းကလေးနှစ်ယောက်သည်လည်း ဖြေလာမည့် အဖြေကို စောင့်ဆိုင်းနေဟန်ဖြင့်ငဲ့စောင်းကြည့်နေဆဲ...
"အတိအကျတော့ မဟုတ်ဘူး" ဟုသာ
ခပ်အေးအေးပြောလိုက်သည်ကို အားရ
ကျေနပ်ဟန်မရှိ။
"ဒါဆို အတိအကျက ဘယ်လိုလဲ"
စန္ဒာသည် တကယ်ကိုသိချင်စိတ်ပြင်းပြဟန်ဖြင့် စက္ကန့်မခြားထပ်မေးသည်။