အပိုင်း ၁၅
၂၀၁၆ ၊ ဖေဖော်ဝါရီ
"ဝေ...မင်းလမ်းမုန့်တီသွားသောက်မလို့ လိုက်မလား"
ဝေ မော့ကြည့်တော့ ပြုံးပြသည်။ ရင်းနှီးသက်ဝင်ရှိသော်လည်း ရာခိုင်နှုန်းပြည့်တော့မဟုတ်။
"မလိုက်တော့ဘူး"
"ဘာဖြစ်လို့လဲ ။ ငါဝယ်ကျွေးပါ့မယ်"
"ရတယ်။ ငါ presentation အတွက် လုပ်ရမှာတွေရှိသေးလို့ကွ...မင်းတို့ပဲ သွားကြတော့"
သူငယ်ချင်းသုံးယောက်လုံး ဝေ့ကို အကဲခတ်နေသည်။ ခပ်အေးအေးနှင့်ပင် စာအုပ်တွေထည့်နေသော
ဝေကြောင့် အာကာ မျက်နှာပျက်သည်။ သို့သော်...မျက်နှာကို ချက်ချင်းပြန်ပြင်သည်။
"ဟုတ်သားပဲ ။ ဝေ ဘာတွေကျန်နေသေးလို့လဲ"
"power point နည်းနည်းပြင်ချင်သေးလို့...ရတယ် မင်းတို့ သွားချင်သွားလေ"
"ဒါဆို ငါ့ စက်ယူသွားမလား"
"ရတယ်။ ငါတို့ လမ်းထိပ်က ဆိုင်မှာဝင်လုပ်လိုက်မယ်။ ငါသွားပြီ"
အာကာကြည့်လာ၏။ ရင်းနှီးဖူးသော အရိပ်တချို့နှင့် ကြည့်လာသော မျက်လုံးကို မသိကျိုးကျွံလည်း
ပြုမနေသလို အရင်လို ရှက်ရွံခြင်းတွေလည်း မရှိတော့ပေ။ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုထက် ဘာမှ မပို
ဟန် နှုတ်ဆက်ပြုံး တစ်ခု ပြန်ပြုံးပြပြီး ထွက်လာလိုက်သည်။
"ခဏ ဝေ...ငါလည်းလိုက်မယ်"
မေလွင်နောက်မှ ပြေးလိုက်လာသည်။
"နင် မလိုကိသွားဘူးလား"
"မလိုက်တော့ဘူး။ နင် နဲ့ပဲ ပြန်တော့မယ်"
လိုက်မယ်ပြောတော့ ဘာပြောမှာလဲ။ ဘာလို့လဲ ညာလို့လဲ တွေ မမေးချင်တော့။ နှစ်ယောက်သား
တိတ်တိတ်ဆိတ်ဆိတ်ပင် ကျောင်းဂိတ်ဝထိထွက်လာလိုက်သည်။ ညနေခင်း ၄ နာရီဝန်းကျင်ဖြစ်
သော်လည်း နေရောင်က အပူချိန်ကျမသွား။ မေလွင် ထီးထုတ်ဆောင်းတော့ အရပ်ပိုရှည်
BẠN ĐANG ĐỌC
Lãng mạnColourful love Family Drama Unicode + Zawgyi