အပိုင်း ၃၂
41.2K 4.8K 334
၂၀၁၆ ၊ ဇူလိုင်
"အခု စထွက်လာမှာဆိုတော့ညနေ
လောက်တော့ ရောက်မယ်ထင်တယ်"
"ကားပေါ်မှာ မေတ္တာသုတ်ရွတ်နော်သော်
ပြီးတော့ ပဋ္ဌာန်းအကျဉ်းလောက်ပဲဖြစ်
ဖြစ် ရွတ်ပြီးလာနော် သိလား။ ကားလမ်း
ဘေးမှာ ရှိနေတဲ့ မြင်အပ်မမြင်အပ်ဘုံ
သားတွေကိုလည်း မေတ္တာပို့ပါတယ် ဆို
ပြီး ကားစထွက်တာနဲ့ ပြော"
အမှန်ဆို မြန်မြန်ပြန်လာ လွမ်းနေပြီ တွေ
မဟုတ်ဘဲ
"အစ်ကို ကျွန်တော်က ခုမှ တောထွက်
မယ့် အဖေဘုန်းကြီးဆီက ပြန်လာရတဲ့
လူပါ။ ဘယ်ဆီသွားလို့ သွားမှန်း
တောင် မသိရတော့ပဲ ရှင်ကွဲခွဲခံလိုက်
ရတာ..."
"သော့်ကို စိုးရိမ်လို့ပါ"
လေသံအေးလေးနှင့် အောက်ထစ်က
လျှောချပြောလာတော့ ဘယ်သူက ဆက်
ပြီး ရစ်နိုင်မှာလဲ။ လူဆိုးဖြစ်ရတာပျော်
တော့မှာလဲလေ။
"အခု ကျွန်တော့်မှာမိသားစုဆိုလို့အစ်ကို
ပဲရှိတော့တာ..."
အသံတိတ်နေသည်။
"အစ်ကို ကျွန်တော် ပြောတာကြားလား"
"အင်း ကြားတယ်"
"ငိုနေတာလား"
"မ မဟုတ်ပါဘူး"
"အဖေက ဒကာလေးကိုဆက်သွယ်ဖြစ်
မှာမဟုတ်တော့ဘူး ပြောတည်းက ကျွန်
တော့်စိတ်ထဲ အဆင်မပြေဘူး။ပြန်လာရင် နှစ်သိမ့်ပေးနော်"
"အွန်း"
"ကျွန်တော် ခွင့်တစ်ရက်ကျန်သေးတယ်
အစ်ကိုလည်း ဘယ်မှမသွားဘဲ အဲ့တစ်
နေ့တော့ ကျွန်တော့်နားနေပေးမယ်မလား။ နေပေးပါဗျာ နော်"
"အွန်း ဘေးမှာ လူတွေနဲ့မလားသော်"
မမြင်ရသည့်လူတွေကို သူကအဝေးက
လှမ်းရှက်နေတယ်တဲ့လား။ ခင်ဗျားဆီက
နှစ်သိမ့်မှုလေးရချင်တာနဲ့ပဲ အရွယ်နဲ့
မလိုက် ချွဲနေရတဲ့ ကျွန်တော့်ကိုလည်း
အားနာပါဦး ကိုဝေဟင် ရာ။
"ဝေ ကားဂိတ်ထိ လာကြိုပေးရမလား
ဟင်"
"မကြိုနဲ့။ အိမ်ကနေပဲစောင့် ရောက်ခါနီး
ဖုန်းဆက်လိုက်မယ်နော်။ ဟိုမှာ စပယ်
ရာက ကားပေါ်တက်ဖို့ခေါ်နေပြီ"