၂၀၁၉ ၊ ဧပြီ ၊ ငွေဆောင်ကမ်းခြေ
"Aidenရေ... လာ ပါဦး"
"ချစ်စရာလေး။ ဂျာချုပ်နဲ့ တူလို့ချောတာ"
ရယ်သံခိုးခိုးခစ်ခစ်များသည် အခန်းထဲထိ
ဝင်ရောက်လာည်။ မျက်လုံးများကို အသိ
စိတ်နှင့် ပူးတွဲဖွင့်လှစ်သော အခါ
လိုက်ကာစကို အလိုက်တသိ ဖွင့်လှစ်ပေး
မည့် သူက ရောက်နှင့်သည်။"တခေတ်...ဘယ်လို လုပ်ပြီး"
အိပ်နေရင်းမှ ခန္ဓာအနေအထားကိုပြင်
ကာ ကောက်ထိုင်မိသည် ။ ထိုသို့သော
ပုံစံတွေကို သူတစ်ယောက်တည်းသာ
မြင်တွေ့စေရန်ကြည်ဖြူ၏။"ဖြည်းဖြည်းထပါ ကိုကိုရဲ့ ။ နိုးပြီလား။
အကုန်လုံးတောင် မနက်စာ စားပြီးကြ
ပြီ"အချိန်အားဖြင့် ကိုးနာရီ ။ လေးနာရီ
လောက် နီးနီး အိပ်မောကျသွားတာပေါ့။"ထ ထ မနက်စာ မှာပေးထားတယ်"
တခေတ်ပြောမှ ကြည့်မိသည်။ ခုတင်
ခြေရင်းမှ ခုံပုလေးတွင် မနက်စာအဆင်
သင့်ရှိနေ၏။
ဘာမှ စေဒကမတက်ဖြစ်တော့။ ရေချိုး
ခန်းထဲ ဝင်၍သာ လုပ်စရာရှိတာလုပ်ဖြစ်
သည်။ ပြန်ထွက်လာတော့ မနက်စာ
ဗန်းက ခုတင်ပေါ်ရောက်နေပြီ။ စိပ်ထား
သော သစ်သီးတစ်ချို့အား ခက်ရင်းဖြင့်
ထိုးကာ စားနှင့်နေသော တခေတ်။"အိပ်ရာပေါ်မှာ အစားမစားရဘူးလေ"
သစ်သီးကို ဝါးနေရင်းမှ ဟွန်းခနဲရယ်ပြ
သည်။ နေရာမှ တစ်လက်မမှ ထမည့်ပုံ
မပေါ်။ဖွင့်ပေးထားသော လိုက်ကာကို မ ကာ
အပြင်ဖက်ဆီသို့ မျှော်ကြည့်လိုက်သည်။
မနက်စာ မစားနိုင်လောက်အောင်ရင်
ပြည့်စေ၏။ Aidenအမှူးပြု၍ မြတ်နိုး
သော်နှင့် ကုသိုလ်ဆက်ချင်နေသော အမျိုးသမီးတစ်သိုက်။ ရေကူးကန်ပတ်
လည်နား အရောင်အသွေးစုံသော ရေကူး
ဝတ်စုံများနှင့် လိပ်ပြာများပမာ လူးလာ
ခေါက်တုံ့နှင့်။"တစ်နေကုန်အိပ်နေချိန် တစ်ယောက်
ကတော့ နတ်သမီးတစ်ဖက်ငါးရာပမာ"အနောက်မှ လှမ်းပြောသော ဘုန်းတ
ခေတ်ကို ခနဲ့တဲ့တဲ့ဆန်စွာပြုံးပြဖြစ်၏။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi