အပိုင်း ၄၈
39.6K 4.7K 281
၂၀၁၉ ၊ ဧပြီ ၊ သန်လျင် (Star City)
"Morning"
ဘုရားသောက်တော်ရေခွက်များကို ဆေး
နေရင်းမှ လှည့်ကာ နှုတ်ဆက်သည်။
ဘေစင်ပေါ်တွင်တော့ ရေစက်ခိုသီးနေ
သော သစ္စာပန်းနှင့် နှင်းဆီဖြူရောထိုး
ထားသော ဘုရားပန်းအိုးတွေ။
"ဘယ်တုန်းက သွားဝယ်လိုက်တာလဲ"
"လမ်းလျှောက်ရင်းနဲ့ပဲ...သားကိုပါ တစ်
ခါတည်း နှိုးလိုက်ပါလား။ မနက်စာပြင်
ပေးထားမယ်"
ရေသန့်ဗူးထဲကနေမှရယူသော သောက်
တော်ရေကြည်ကြည်အေးများနှင့် မြသ
ပိတ်ထဲမှ ထမင်းပူပူ။ မလိုင်တက်နေ
သော နွားနို့ပန်းကန်လုံးကို ဗန်းပေါ်တစ်
ခါတည်းတင်ရင်း အိမ်ရှေ့ခန်းသို့ ထွက်
သည်။ အလိုက်တသိနှင့် သူထားခဲ့သော
ပန်းအိုးတွေကို သယ်လာပေးတော့
"ကျေးဇူး" ဟူသာ တစ်ခွန်းတုံ့ပြန်သည်။
ထို့နောက် သေချာကျနစွာထိုင်ရင်း
ဘုရားရှင်ကို ဦးခိုက်သည်။
အရင်ကဆို ပန်းအတုတွေနဲ့သာ ရှိနေ
သော ဘုရားကျောင်းတော်ဆောင်သည်
သူ့ကျေးဇူးဖြင့် လန်းလန်းဆန်းဆန်း
မွှေးမွှေးပျံ့ပျံ့နှင့် သပ္ပါယ်စရာကောင်းလှ
သည်။ ဤသို့သော ကုသိုလ်ထူးတွေ
ကြောင့်ရယ်လားမသိ။ သူသည်လည်း
အမြဲလိုလို လန်းဆန်းလျက် အေးမြ
သော ကိုယ်သင်းနံ့ရှိနေတာ ဖြစ်ရမည်။
"သားကို နှိုးလိုက်ဦး။ မင်း နောက်ကျ
တော့မယ်။ အမြန် လုပ်စရာရှိတာလုပ်
တော့လေ"
ကြောင်ကာရပ်ငေးနေသော ကျွန်တော့်
ကို အိပ်ချင်မူးတူးဖြစ်နေသေးသည်ထင်
နေလား မသိ။ ခါးကနေ တွန်းကာဆော်
သြတို့သည်။
ခရီးက ပြန်ရောက်လာပြီးသည့်နေ့မှစ
သူသည်ကျွန်တော်နှင့် Aidenနှစ်
ယောက်တည်းသာ ရှိသော အချိန်တွေကို
နွေးထွေးမှုဖြင့် အစားဖြည့်ပေးခဲ့သည်။
ကျွန်တော်တို့ ကုမ္ပဏီက အလုပ်ပြီးသည်
နှင့် သူသည် တခြားအလုပ်သစ်တစ်ခုကို
မလုပ်သေး။ စင်ကာပူရုံးက အလုပ်တွေ
ကိုသာ အိမ်မှာနေရင်း လုပ်နေသည်။
ဟိုကိုလည်းမပြန်သေး။ ဘာကြောင့်မပြန်
လဲ မမေးဖြစ်သလို မမေးလဲမမေးချင်။
သူ့ကို ဒီမှာပဲ ရှိနေချင်သေးသည်။ Aiden လေးလည်း အရင်ကထက်ပိုပြီး
ဆိုဆုံးမရလွယ်လာ၏။ Aidenကို သူသာ
ထိန်းပေးသည်က များသည်။ ကျွန်တော်
ပြန်မလာသေးသည်အထိ Aidenကို နာ
နီ့လက်ထဲမှ လက်လွှဲယူပေးထားသည်။
Aiden၏ ကျောင်းအိမ်စာများကို ကူလုပ်
ပေး ၊ ရေမိုးချိုး ၊ ညစာ ကျွေးကာ သိပ်
သည်အထိ သူက စိတ်ရှည်စွာ တာဝန်ယူ
ပေးသည်။ တစ်ခုပဲ ကျွန်တော်ပြန်မလာ
ခင် Aidenကို ရအောင်သိပ်ထားသည်။
ပြန်လာသည်နှင့် Aidenကို ကျွန်တော့်
လက်ထဲ လွှဲပေးကာ သူ့အခန်းဆီမှ ပညာ
ရှိနည်းဖြင့် နှင်လေသည်။ Aidenကိုပွေ့
ကာ ကျွန်တော့်အခန်းသို့ ပြန်လာရသည့်
ညတိုင်း ကျွန်တော့်အတွေးထဲ ရှိတာတစ်
ခုတည်း။ ဒါ သူပြောသော ထိန်းသိမ်းမှု
ပင် ဖြစ်လိမ့်မည်။ သူ နဲ့ ကျွန်တော့်၏
ဆက်ဆံရေးကား အထူးတလည်ပြောင်း
လဲတာမျိုးတော့မရှိ။ တစ်ခုပဲ ကျွန်တော့်
အခန်းသော့ ကတ်ကို သူ့လက်ထဲယုံ
ကြည်စွာ ပေးထားခြင်းပင်။ ထို့ကြောင့်
လည်း မနက်ခင်းတိုင်း ကျွန်တော်တို့
သားအဖကို နှိုးပေးသော တာဝန်ကို သူ
ယူပေးထားလို့ရတာပင်။