အပိုင်း၁၁
48.4K 5.2K 424
အပိုင်း ၁၁
၂၀၁၅ ၊ ဒီဇင်ဘာလ
"အစ်ကို ရေချိုးလို့ရပြီ"
ဝေ ရေချိုးရန်ထွက်လာတော့ မော့ကြည့်သည်။ ဖိုင်ဘာတိုင်ကီအပြာကြီးအပြည့် ကြည်လင်နေသော ရေများကိုတစ်လှည့်၊ ချွေးစီးများကျနေသော သူ့ကျောပြင်ကို တစ်လှည့်ကြည့်ရင်း အားနာကြီးစွာဖြစ်မိသည်။ ပင်ပင်ပန်းပန်းထမ်းလာတဲ့ ရေတွေကို အခန့်သားချိုးဖို့က...
ငြိမ်ရပ်နေသော ဝေ့ကို လှည့်ကြည့်သည်။
"ချိုးလေ အမြန်။ အစ်ကို ပြီးရင် ကျွန်တော်ချိုးမှာ"
"အင်း"
ဝါးလှေကားထစ်မှနေ၍ တိုင်ကီနားထိဆင်းလာလိုက်တော့ မျက်မှောင်ကြုတ်ကြည့်သည်။ ချက်ချင်းဆိုသလိုအနားတိုးလာ၏။ ချွေးစိုနေသော စွပ်ကျယ်ပါးလေးနှင့် ဘောင်းဘီတိုလေးသာ ဝတ်ထားသော သူ့ကိုယ်ကို နီးနီးကပ်ကပ်ထက်ပိုကာ ဝေ့နားတိုးလာရင်း နားနားကပ်ကာ
"နေပါဦး ပုဆိုးကို ဘာကိစ္စရင်ခေါင်းထိ ဝတ်ထားရတာလဲ။ ခင်ဗျားက မိန်းကလေးမို့ ရင်လျားပြီးချိုးမှာလား"
အဝတ်လွတ်နေသော ပခုံးသားနှင့် လက်နှစ်ချောင်းလုံးမှ မွှေးညှင်းများ ထောင်ထလာရသည်။
"ယောကျာ်းလေးပဲ ကျွန်တော့်လို ဘောင်းဘီတိုနဲ့ပဲ ချိုးပါလား လျှော်ရလည်း သက်သာတယ်"
"ရှက်တယ်"
"ဘာ"
တိုးတိုးပြောလိုက်သော ဝေ့ အသံနှင့် ဆန့်ကျင်စွာ မာထန်စွာ ထွက်လာသောသူ့အသံ။ ဝေ စိတ်ညစ်လာသည်။အရင်နေ့တွေကလို သူပြန်မလာခင် ကျောင်းကအပြန် ကိုယ်နိုင်သလောက်ရေလေးဆွဲပြီးချိုးထားတာအကောင်း။
"နေပါဦး ရှက်ရအောင် ခင်ဗျားက...ခင်ဗျား ဟာက"
ဆက်ပြောရန်ခက်နေဟန်ဖြင့် ဝေ့ ရင်ဘက်နေရာကို လက်ညှိုးတထိုးထိုးနှင့် ဖြစ်နေသည်။
"ငါ...ငါ ငယ်ငယ်တည်းက ဒီလိုပဲချိုးနေကျ"
"ပုဆိုးနဲ့ချိုးရင်ချိုး...အဲ့ဒါကို ဆွဲချ။ ခါးမှာဝတ်ပြီးချိုး"
ခါးပုံစကိုဆွဲပြီး ဆွဲချခိုင်းသောအခါမှ ဖြည်းဖြည်းချင်းအောက်လျှောချ၏။ ကျုံ့ဝင်သွားလို့ရရင် ဝင်သွားပါစေ