၂၀၁၉ ၊ ဖေဖော်ဝါရီ (၁၄) ၊ Star City
ပျောင်းပျော့သော လက်သွယ်သွယ်တွေ
ကို ဆုပ်ကိုင်မိသည့်တခဏ။ အေးမြမြ
အထိအတွေ့ သည် နူးနူးညံ့ညံ့။ ငြင်ငြင်
သာသာဖြင့်ပင် ကျွန်တော့်မျက်နှာကို
ခပ်ဖွဖွထိတွေ့နေသည်။ နဖူးပေါ်မှ ဆံ
ပင်တွေကို သပ်တင်ပေး၏။ ထို့နောက်
မှိတ်ထားသော မျက်ခွံတွေကို လက်ဖဝါး
နုနုဖြင့် ဖုံးကွယ်သည်။ လှမ်းဆွဲကာ မော်
ကြည့်မိသော အခါ ခပ်ယဲ့ယဲ့ပြုံးသော
နှုတ်ခမ်းပါးကို မြင်ရသည်။ မသဲကွဲသော
ရုပ်သွင်သည် ထိုနှုတ်ခမ်းပါးသည်သာ
ထင်ထင်ရှားရှားဖြင့် နီးစပ်မှုရှိ၏။
သူရပ်နားသည်က ကျွန်တော့်၏ နှာရိုး
ပေါ်မှ မွေးရာပါ အမှတ်ငယ်ဆီသို့...
ခိုနားနေသော ပန်းနုရောင် လိပ်ပြာငယ်
ကို ပြန်လည်ဖမ်းဆွဲ နမ်းရှိုက်သောအခါ
အတောင်ဖြန့်ကာဖယ်ရုန်းသည်။ ပြေး
လွင့်၏။ လိုက်ဖမ်းသော်လည်း မမိ။
ဝမ်းနည်းခြင်းရောယှက်နေသောလျှော့
ဒေါသကြောင့် ပူလောင်သည်။ သူ့နာမ
ကို တွင်တွင်ခေါ်ကာ ဖမ်းဆွဲချင်သော်
ငြား ရင်းနှီးယှက်နွယ်ပြီးသားကိုယ်ပါးလျလျလေးဖြင့် ရှေ့မှဦးဆောင်ပြေးလွှား
သည်။ ခြေလှမ်းတွေက အားပါသည်။
တကယ်ပဲပြေးထွက်ချင်နေတာလား။
သူ့နာမည်ကိုခေါ်ချင်တယ်။ သို့သော်
ဘယ်လိုမှ စဉ်းစားမရ။ ခေါင်းပေါက်မ
တတ်စဉ်းစားသော်လည်း နှုတ်ဖျားမှလုံးဝ
မထွက်လာ။ သူသည် နောက်လှည့်ကြည့်သော်လည်း သူ့မျက်နှာကိုသေချာ
မမြင်ရ။ သေချာသည်က သူ့တွင်
ရှည်လျားသော ရွှေရောင်ဆံပင်နွယ်တွေ
ရှိမနေ။သူက ကျွန်တော့်ကိုကြည့်နေသည်ဟုခံစားရသည်။ ထပ်လည်းမပြေး
တော့သလို ကျွန်တော့်နားသို့လည်း
ရောက်မလာခဲ့။ သူ့နာမည်မြည်တမ်း
လာမည်ကို ငဲ့လင့်နေဟန်။ ကျွန်တော်
သည်ကား ဘီလူးစီးခံရသလို ဆို့နင့်
မောပန်းနေသည်က လွဲ၍ သူ့နာမည်အား
တစ်စပင်ထွက်မရ။ ထိုအခါ သူသည်
ကျောခိုင်း၏။ အဖြူရောင်ပဝါပါး
တစ်ထည်ပမာ ဖြည်းဖြည်းချင်းလွင့်ပါး
ကာ ပျောက်ကွယ်လုမတတ် မှေးမှိန်
ဖျော့တော့သွားသောအခါ...သူ့နောက်ကအပြေးလိုက်လျက်
ကျွန်တော်သည် ကွဲအက်သွားသော
မြေကြီးကိုလည်း သတိမထားနိုင်ဘဲ
မှောင်ပိန်းမည်းနက်သော သမုဒ္ဒရာ
အတွင်းသို့...
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi