အပိုင်း ၁၆
၂၀၁၆ ၊ ဖေဖော်ဝါရီ
"နင်တို့ ဒီအပိုင်းသိတယ်မလား"
မေလွင်နဲ့ စန္ဒာ သည် စားပွဲခုံကျဉ်းကျဉ်းမှာပင် စာအုပ်ထူများဖြန့်ခင်းလျက် ဝေ ရှင်းသမျှကို နားထောင်နေ
သည်။ မျက်လုံးတို့သည်လည်း အိမ်ရှေ့လှေကားအဆင်းလေးတွင် စာထိုင်ဖတ်နေသော သော့်ဆီသို့ မကြာမကြာရောက်ရောက်သွားတတ်သည်။ မနက်တည်းက ရောက်နေသူတို့သည် ဒီနေ့မှ ထူးထူးဆန်းဆန်းအိမ်ကပ်နေသူကိုသာ အာရုံရောက်သည်။ စာလာလုပ်မည်ပြောထား၍သာ စာအုပ်တွေကို အားနာသမျှနဲ့ ဖြန့်ခင်းထားတာ။ စိတ်ပါဝင်စားမှုကတော့ဖြင့် မြတ်နိုးသော် ဆီမှာသာ...
သူကလည်းဒီနေ့မှ အိမ်မြဲတာမဟုတ်။ မနေ့ညတည်းက အဲ့စာအုပ်ကို လက်ကမချ အသည်းအသန်ဖတ်နေတာ။ တစ်ခုခုကို စိတ်ဝင်စားပြီဆို သည်းကြီးမဲကြီးလုပ်တတ်တဲ့ အကျင့်တစ်ခုကို တွေ့လိုက်ရသည်။ ထမင်းမေ့ဟင်းမေ့ဆိုသည့် စကားသူ့အတွက်ထားခဲ့ကြပုံပင်။ မေလွင်တို့ စိတ်ဝင်စားသည်ကလည်း ထိုစာအုပ်ကြောင့်ပင် ။ မန်နေဂျာကောင်းတစ်ယောက်ဖြစ်ဖို့လမ်းညွှန်ချက်များမှာ မိခင်ဘာသာစကားဖြင့်တောင် လမ်းညွှန်ထားတာမျိုးမဟုတ်ဆိုတော့...
တောရွာကနေဆယ်တန်းအောင်လာ
တဲ့ကောင်လေးတစ်ယောက် ၊ အဝေးသင် တက္ကသိုလ်တောင် နားထားပါရသော
ကောင်လေးတစ်ယောက်ဖတ်ဖို့ဆိုတာ
နည်းနည်းမကမြင့်နေသောစာအုပ်နဲ့
တွဲတွေ့နေရ၍ဖြစ်မည်။သူတို့လာမှာ သိလို့ ရှိုးပြတယ်လို့
ထင်မှာစိုး၍ အစကတော့ တားမလို့ပင်။ သို့သော် သူ့စိတ်ဝင်စားမှုကို တခြားလူ
အမြင်ကြောင့်နဲ့တော့ မပိတ်ပင်ချင်ပါ။
ဒီလိုသူ့အနေအထားနှင့် မအပ်မစပ်လို့မဆိုအပ်သော အဖြစ်တစ်ခုလည်း ဝေ တွေ့ထားဖူးသည်လေ။အဲ့နေ့ညနေက သူစောစောပြန်ရောက်တာနဲ့ ကျောင်းက presentation အတွက်အင်တာနက်ဆိုင်သွားဖို့ သူ့ကို အဖော်လိုက်ခိုင်းမိသည်။ အစက တစ်ယောက်တည်းသွား ယောကျာ်းပဲ ဘာညာ
ပြောနေတာကနေဂိမ်းဆိုင်ဖြစ်၍
ကောင်လေးတွေ တရုံးရုံးနဲ့...
STAI LEGGENDO
Storie d'amoreColourful love Family Drama Unicode + Zawgyi