အပိုင်း ၇
၂၀၁၅ ၊ နိုဝင်ဘာလ
မျှော်နေသော သူရောက်လာသော်လည်း ဝေ ဘာမှမမေးရဲ။ သတင်းကောင်းကြားခဲ့ရဟန်မတူ။
ဝေ သိပြီးသားဖြစ်ပေမဲ့ သူတော့ဖြင့် တစ်ခုခုအကြောင်းထူးအောင်လုပ်နိုင်လာမည်ဟု မျှော်လင့်မိခဲ့တာပဲ
အပြစ်တစ်ခုလိုဖြစ်နေသည်။ ဘာလို့ဆို အိမ်ပေါက်ဝမှာ ခြေတွဲလဲထိုင်ရင်းမှ ဘေးနားကနေ မျှော်လင့်
တကြီးကြည့်မိသော ဝေ့ကို လှည့်ကြည့်ရင်း...
"ဟား..."
ခပ်ဟဟရယ်လျက် ဆံပင်များထဲ လက်ချောင်းအားလုံးထိုးထည့်၏။ ကွက်ကျော်ရိုက်ခံလိုက်ရသည့် ကစား
သမားတစ်ယောက်၏ မျက်နှာထားမျိုး။ နောက်ပြီး ပညာရှိအမျက်အပြင်မထွက် နှင့်ဆိုသည့် ဆုံးမစကားကို
နှလုံးအပြည့်မူသွင်းနာခံထားဟန်ရှိသည်။ မျက်နှာထက်မှ အပြုံးကအရာမယွင်းသော်ငြား မျက်လုံးထဲမှ
လျှံဝေ့နေသော ဒေါသကိုတော့ သူမထိန်းထားနိုင်။ တလဲ့လဲ့နှင့်...
မနက်လင်းချင်း အဘွားလာပေးသွားသော ခြောက်လသက်တမ်းရှိအိမ်ငှားစာချုပ်ကို ကိုင်ကာ
ထပ်ရယ်ပြန်သည်။ သူ့ကိုကြည့်ပြီး ဝေ ရူးချင်လာသည်။
"ကိုသား ကို မတွေ့ခဲ့ဘူးလားဟင်"
"ကျေးဇူးရှင်က ညတည်းက မိန်းမခိုးပြေးသွားတယ်တဲ့...ဟား တကယ် ကိုသားအဲ့လောက်ထိတော်ပြီး
အငြိုးကြီးတတ်မှန်းမသိတာ ကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ။ ငါ လုံးဝမရိပ်မိခဲ့တာ ဟား တကယ်ပဲ"
သူပြောနေတာတွေကို ဝေ နားမလည်။ မနေ့က နေဝင်ချိန်အထိ ဝေ တို့နဲ့ရှိခဲ့တယ်။ ကူညီပေးခဲ့တယ်
သူ့ကို အစိမ်းကြော်၊ တောက်တောက်ကြော်တွေပင်ဝယ်ပေးလိုက်ပြီး နှုတ်ဆက်သွားခဲ့တာလေ။
ဆုံးစမြုပ်စဖြစ်နေပြီဖြစ်သော အခြေအနေတွင် ကောက်ရိုးမျှင်ထက်ပိုကာအားကိုးရမည့်လူက ဘာကြောင့်များဝေ ငိုချင်လာတော့သည်။ သို့သော် သူရှေ့မငိုရဲ၍ နှုတ်ခမ်းများကို တင်းတင်းကိုက်ထားပြီး မာန်တင်းထားရ၏။ သူကတော့လှည့်မကြည့်ဘဲ ဆက်ပြောသည်။
YOU ARE READING
RomanceColourful love Family Drama Unicode + Zawgyi