Bonus one
45.9K 4.3K 121
၂၀၂၀ ၊ ဇန်နဝါရီ ၂၀ ၊ စင်္ကာပူ
အခန်းတံခါးဖွင့်သည်နှင့် အထုပ်ကိုပစ်
ချရင်း တစ်ပတ်လည်လှည့်ကြည့်ရသည်
စင်္ကာပူစတိုင်အပြည့်ရှိနေသော အခန်းဖြူ
ငယ်လေးတွင် အိမ်အသုံးအဆောင်
ပစ္စည်းတို့သည် သူ့နေရာနှင့်သူ စနစ်တ
ကျ ။
အနောက်မှ ဝင်လာသော အခန်းရှင်
သည် ကျွန်တော်ပစ်ချထားသော အထုပ်
ကို ဆွဲမကာဖြင့် အိပ်ခန်းဆီသို့ ဦးတည်
ပေးသည်။ ထောင်ထလာသောလက်
မှ စိမ်းမြမြသွေးကြောလေးများ နှင့် အ
နည်းငယ် စောင်းနေသော ခါးသိမ်သိမ်။
ကျွန်တော် ကူမသယ်ပေးဖြစ်။ သူဦး
ဆောင် ခေါ်သွင်းရာ သူ့အိပ်ခန်းထဲသို့
အနောက်မှ တိတ်တဆိတ်လိုက်လာဖြစ်
သည်။
ရန်ကုန်မှ ပြဿနာပေါင်းသောင်းခြောက်
ထောင်လောက်ကို ဖြေရှင်းပေးပြီးသည့်
တိုင်သူရှိရာသို့ ချက်ချင်းမလိုက်လာနိုင်
သလို သူသည်လည်း ကျွန်တော့်ဆီ မလာနိုင်။ ခွဲနေရတာ ခြောက်လကျော်
"ကျွန်တော် လွမ်းလှပြီ"
အဝတ်အိတ်ထဲမှ အဝတ်စုံကိုထုတ်ကာ
ဗီရိုထဲ ထည့်ရန်ဆိုင်းပြင်းနေသူကိုနောက်
မှနေ၍ သာသိမ်းကျုံးပွေ့ဖက်လိုက်ရ
တော့သည်။ ရှင်းရှင်းသန့်သန့်မြင်နေရ
သော ဦးရေပြားဖြူဖြူကြည်ကြည်လေး
ကို နမ်းမွှေးဖြစ်သည်။ ထို့နောက် ရှိန်း
မြမြကြက်သီးလေးတွေ ထကြွနေသော
မွှေးညှင်းနုရံ လည်ဂုတ်ဖွေးဖွေး။ ဒီအေး
မြမြ အသားလေးတွေနဲ့ သင်းပျပျကိုယ်
သင်းနံ့။ ဘယ်လောက်တောင် တမ်းတ
လွမ်းမောနေရတာပါလိမ့်။ မရုန်းသူကို
မလွှတ်ဖြစ်ဘဲ ပခုံးသားများကို ဖိကပ်နမ်း
တော့... ရုန်းထွက်ပါတော့၏။
မျက်နှာချင်းဆိုင်သို့လှည့်ကာ သူ့ထက်
အရပ်အနည်းငယ်မြင့်သော ကျွန်တော့်
ကို မော့ကြည့်သည်။ သူက ဘာလို့
ဒီလောက်ထိ တည်ကြည်နေရသည်လဲ
ကျွန်တော့်ကို နည်းနည်းလေးမှတောင်
မလွမ်းဘူးလား။
"ကျွန်တော့်ကို သတိမရဘူးလား"
ပြုံးသည် ။
"သတိမရဘဲ ရှိမလား သော်"
"ဒါဆို ဘာလို့"
"နောက်ရက်တွေ တွေ့ရဦးမှာပဲ။ အခုခရီး
ပန်းလာတာ သော် နားဖို့"