အပိုင်း ၃၁
43.6K 4.8K 161
၂၀၁၆ ၊ ဇူလိုင် ၊ ရန်ကုန်
"ဒီရောက်မှ နင့်တန်ဖိုးတွေပိုသိနေပါပြီ
ဟာ။ နင်က ငါ့အတွက်
အစ်ကို အရင်းလိုပဲ...အဲ့ဒါတကယ်။
တစ်ခါမှရိုရိုသေသေနဲ့ အစ်ကိုလို့ မပြောဖူးပေမဲ့ ငါတတကယ်နင့်ကို ငါ့အစ်ကိုရင်းတစ်ယောက်လို အားကိုးခဲ့တာ"
"အေးပါ။ ငါသိပါတယ်။ နင်ရော အဆင်
ပြေရဲ့လား"
"အင်း ပြေအောင်နေနေရတာပေါ့ဟာ...
ထွက်သွားပြီးမှ ပြန်ဝင်တော့ အသစ်က
နေ ပြန်စနေရသလိုပဲ။ နင် စီစဉ်ပေးတာတွေနောက် အခန့်သင့်လိုက်ရင်း
ခု ငါ့ဘာသာငါ အစအဆုံးတွေလုပ်နေ
ရတော့ တော်တော်ပင်ပန်းတယ်"
"ကြာရင် အဆင်ပြေသွားမှာပါ။ နေ
ကောင်းအောင်သာနေ"
"နင်ရော အဆင်ပြေရဲ့လား"
"အင်း ငါ အခုမူကြိုကျောင်းFerryမောင်း
နေတယ်"
"အစ်ကိုရော..."
"သူလည်းအဆင်ပြေပါတယ်။ သိတဲ့အ
တိုင်း သူက ငါဘယ်လိုထားထားအဆင်
ပြေအောင် နေတတ်တယ်"
"ငါ စိတ်မကောင်းပါဘူးဟာ"..."
"ဟာ...ဘာမကောင်းစရာရှိလဲ နင်လည်း
နင့်တက်လမ်းအတွက် နင်ကြည့်ရမှာပဲ
ငါ အဆင်ပြေတယ်။ မပူနဲ့။ အဆက်အ
သွယ်လည်း မဖြတ်ထားနဲ့...ကြားလား
ဒီက ဘာအကူအညီလိုလိုလာတောင်း"
"အွန်းပါ စိတ်ချ"
"အေးအေး ဒါပဲနော်။ အစ်ကို ပြန်လာ
တော့မှာ သွားကြိုလိုက်ဦးမယ်"
"အေးပါကွာ ။ ယူတို့ တွေပဲ ချစ်ကြပါ
ဟွန့်"
Viber phone call အဆုံးသတ်သည်
နှင့် မဲ့နေသော အိမိုဂျီလေးပို့သေး၏။
သဘောတကျသာ ရယ်မိသည်။
လွန်ခဲ့သော နှစ်လက ကိုယ်တိုင်ရော
ငွေခြူးပါ မရယ်နိုင်။ ဘုန်းတခေတ် ကို
တွေ့ပြီးပြန်လာတဲ့ည ပြီးတာနဲ့ ရှိသမျှအလုပ်တွေ တွန်းလုပ်လက်စသတ်ပြီး သူမလာခဲ့ရာ သူမ၏ ဒုတိယဇာတိမြေသို့
ပြန်ခဲ့သည်။ စားသောက်ဆိုင်တွင်ဖြစ်ခဲ့
သော အမှုသည်လည်း ဘာသံမှမကြား
လိုက်ရပဲ ပြီးသွားသည်။ ဒီလိုဖြစ်စေဖို့
ငွေခြူးကို ခြေရာအမြန်ဖျောက်ခိုင်းသည်
ဟုထင်၏။ ဒါကို ငွေခြူးသာလျှင်သေချာ
သိလိမ့်မည်။ သူမမှာလည်း မလွန်ဆန်
နိုင်လို့ပြန်သာပြန်ရသည်။ ကျွန်တော့်အတွက်နောက်ဆံတင်းစွာအားနာကြီး
နေသေး၍လေဆိပ်လိုက်ပို့သည်အထိ
မျက်ရည်တလည်လည်နှင့်။ အရာအားလုံးကအချိန်ပါပဲ။ အချိန်တစ်ခုကို
ဖြတ်သန်းပြီးသွားရင် အားလုံးနေသားတကျနဲ့ အဆင်ပြေသွားမှာပဲ။